ငြိမ်းချမ်းရေး ကော်မရှင် နှင့် KNPP တွေ့ဆုံ

ငြိမ်းချမ်းရေး ကော်မရှင် နှင့် KNPP တွေ့ဆုံ

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP မှ ခေါင်းဆောင်များသည် ယနေ့နံနက် ၁၁ နာရီခွဲ၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။

အလွတ်သဘောဆွေးနွေးပွဲတွင် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် biliatral ကိစ္စ နှင့် ကရင်နီပြည်နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စများအား ဆွေးနွေးသွားမည်ဟု သိရသည်။

တွေ့ဆုံမှုတွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့မှ ဒုဥက္ကဌ ခူးဦးရယ် ခေါင်းဆောင်၍ ဒုစစ်ဦးစီးချုပ် ဗိုလ်ချူပ် အောင်မြတ်၊ ဦးအောင်ဆန်းမြင့်၊ နဲနယ်ပလိုး၊ ခွန်နောင် တို့ တက်ရောက်ခဲ့သည်။

အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့တွင် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ခေါင်းဆောင်၍ ဦးဇော်ဋ္ဌေး၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ ဦးကျော်လင်းဦး တို့ တက်ရောက်ခဲ့ကြသည်။

သြဂုတ်လ ၁၉ ရက်နေ့ကလည်း အငြိမ်းစား ဒုတိယ ဗိုလ်ချူပ်ကြီး ဦးခင်ဇော်ဦး ခေါင်းဆောင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC အဖွဲ့နှင့် ဗိုလ်မှူးကြီး ဘုန်းနိုင် ဦးဆောင်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့တို့ တွေ့ဆုံခဲ့ပြီး အစိုးရထံ သီးသန့် စာတစ်စောင် ပေးအပ်ခဲ့ပါသည်။

September 2, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ရေခမ်းချောင်းကျေးရွာအတွင်းသို့...
September 2, 2026
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသသို့ စစ်အုပ်စုတပ်နှင့် လက်အောက်ခံ ရဲ၊...
September 1, 2026
ရခိုင်ပြည် တောင်ပိုင်းရှိ တောင်ကုတ်၊ သံတွဲနှင့် ဂွ မြို့နယ် သုံးခုသို့ စစ်တပ်က...
ဓာတ်ပုံ - APF/ ပုံဟောင်း
September 1, 2026
တနင်္သာရီတိုင်းအတွင်း လက်လွှတ်လိုက်ရသည့် ဆုံးရှုံးနယ်မြေများနှင့် မဟာဗျူဟာကျသည့် ထားဝယ် ရေနက်...