ပုဏ္ဏားကျွန်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံများပိတ်မိ

ပုဏ္ဏားကျွန်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံများပိတ်မိ
by -
ကျော်သူဌေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် သဲတော်ကျေးရွာနှင့် အောင်မကျော်ကျေးရွာကြားရှိ ကွမ်းချောင်းကုန်းတွင် ယနေ့အောက်တိုဘာလ ၁၆ ရက် နံနက် ၈ နာရီခန့်က တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ပြီးနောက် ကံဇောက်တပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်မှုများရှိသဖြင့် အောင်မကျော်ကျေးရွာမှ ကျေးရွာသားများ ပိတ်မိနေကြောင်း လုံခြုံရေးအရ အမည်မဖော် လိုသည့် သဲတော်ကျေးရွာသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးပစ်တာက အလုံး ၂၀ လောက်ရှိပြီ။ လက်နက်ငယ်ပစ်သံတွေ အဆက်မပြတ် ကြားနေရတယ်။ တောင်ကြားမှာဖြစ်တာကြောင့် အောင်မကျော်ရွာကလူတွေ ထွက်ပြေးလို့မရဖြစ်နေတယ်” ဟု အမည်မဖော်လိုသူက ပြောသည်။

ယခုကဲ့သို့ ပိတ်မိနေသည့် အောင်မကျော်ကျေးရွာကို DMG မှ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။ ၎င်း အောင်မကျော်ကျေးရွာတွင် အိမ်ခြေ ၇၀ ခန့်ရှိကြောင်း သိရသည်။

တပ်မတော်မှ လက်နက်ကြီးပစ်ခတ်နေမှုနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို မေးမြန်းရာ “တော်သေးတာပေါ့ဗျာ လက်နက်ကြီးနဲ့ပစ်တာ၊ ကျနော်က ဗုံးတောင်ကြဲအုံးမလို့၊ ဗုံးကြဲဖို့မရလို့ ဗုံးတောင်ကြဲချင်တာ၊ လက်နက်ကြီးနဲ့ပစ်တာ တော်တော်ကံကောင်းတာ” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲအခြေအနေအား ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခအား ဆက်သွယ် မေးမြန်းခဲ့သော်လည်း အသေးစိတ်မသိရသေးကြောင်း ပြောသည်။

ပြီးခဲ့သည့် သီတင်းကျွတ်ကာလအတွင်းက ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟုလည်း ခိုင်သုခက ဆိုသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...