စစ်တွေဒေသခံတစ်ဦးက သိန်းသောင်းချီတန်သည့် ကျောက်စိမ်းတုံးကြီးအား ကျောက်တော် မဟာမြတ်မုနိတွင်လှူဒါန်း

စစ်တွေဒေသခံတစ်ဦးက သိန်းသောင်းချီတန်သည့် ကျောက်စိမ်းတုံးကြီးအား ကျောက်တော် မဟာမြတ်မုနိတွင်လှူဒါန်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဆင်ကူးလမ်းရပ်ကွက်နေ ဦးအောင်ကျော်လင်းက ကျပ်သိန်း သောင်းချီတန်သည့်ကျောက်စိမ်းတုံးကြီးတစ်တုံးအား ကျောက်တော်မြို့နယ်ရှိ မဟာမြတ်မုနိဘုရားတွင် လှူဒါန်းလိုက်သည်ဟု သိရသည်။

ကျပ်သိန်းပေါငး် သောင်းချီတန်မည်ဟု ခန့်မှန်းထားသည့်အဆိုပါကျောက်စိမ်းတုံးသည် အလေးချိန်တစ်တန်ကျော်ခန့်ရှိပြီး ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ယခုကဲ့သို့လှူဒါန်းလိုက်ခြင်းဖြစ်သည်။

“ဒီရှားပါးကျောက်စိမ်းတုံးကြီးကို ရခိုင်သူ၊ ရခိုင်သားတွေ လာရောက်ကြည့်ရှုနိုင်အောင် ပြီးတော့ မဟာမြတ်မုနိဘုရားအတွက် လိုအပ်သလို အသုံးပြုနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဒါန်းတာပါ” ဟု အကျိုးဆောင် ကိုတင်ငြိမ်းဦးမှ နိရဥ္စရာသို့ ပြောသည်။

ကချင်ပြည်နယ်တွင်နေထိုင်လျက်ရှိသည့် အလှူရှင် ဦးအောင်ကျော်လင်းသည် ချမ်းသာကြွယ်ဝသူတစ်ဦး မဟုတ်သော်လည်း သူကံကြောင့်ရရှိခဲ့သည့် ကျောက်စိမ်းတုံးကို ရခိုင်ပြည်မှ မဟာမုနိဘုရားသို့အလွန်ပင် လှူ ချင်စိတ် ဖြစ်ပေါ်လာ၍ ယခုကဲ့သို့ လှူဒါန်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါကျောက်စိမ်းတုံးအား လက်ရှိတွင် စစ်တွေမြို့ အတုလမာရဇိန် ဘုရားကြီးတွင် အများပြည်သူများကြည့်ရှုနိုင်ရန် ၂ ပတ်ခန့်ထားရှိပြီး မဟာမြတ်မုနိသို့ သံဃာတော်များကိုပင့်ဖိတ်၍ အခမ်းအနားဖြင့် ပို့ဆောင်မည်ဟု သိရသည်။

Most read this week

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...