စစ်တွေမြို့ နိရဥ္စရာရုံးခွဲ ဆိုင်းဘုတ်တင်

စစ်တွေမြို့ နိရဥ္စရာရုံးခွဲ ဆိုင်းဘုတ်တင်
by -
နိရဥ္စရာ
စစ်တွေမြို့၊ မြိို့သူကြီးရပ်ကွက်၊ ပန်းခြံလမ်း၊ အိမ်အမှတ် ပ/ခ ၁၄၉ ၌ ဖွင့်လှစ်ထားသော နိရဥ္စရာ ရခိုင်သတင်းဂျာနယ်တိုက် ရုံးခွဲ၏ ဆိုင်းဘုတ်ကို ယနေ့ ဇန်နဝါရီလ ၁၅ ရက် တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက တင်လိုက်ပြီ ဖြစ်သည်။

နိရဥ္စရာ သတင်းဌာန၏ စစ်တွေရုံးခွဲကို ၂၀၁၄ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့မှ ဆိုင်းဘုတ် တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

နိရဥ္စရာ သတင်းဌာနကို ၂၀၀၁ ခုနှစ်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တွင် တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ပြည်တွင်းသို့ ပြောင်းရွှေ့ ရပ်တည်လာခဲ့ပြီး နိရဥ္စရာ ရခိုင်သတင်း ဂျာနယ်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ထုတ်ဝေခဲ့သည်။

နိရဥ္စရာသတင်းဂျာနယ်တိုက် ရုံးချုပ်ကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ ဖွင့်လှစ်ထားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...