Published
Monday, January 16, 2017
စစ်တွေမြို့ နိရဥ္စရာရုံးခွဲ ဆိုင်းဘုတ်တင်
စစ်တွေမြို့၊ မြိို့သူကြီးရပ်ကွက်၊ ပန်းခြံလမ်း၊ အိမ်အမှတ် ပ/ခ ၁၄၉ ၌ ဖွင့်လှစ်ထားသော နိရဥ္စရာ ရခိုင်သတင်းဂျာနယ်တိုက် ရုံးခွဲ၏ ဆိုင်းဘုတ်ကို ယနေ့ ဇန်နဝါရီလ ၁၅ ရက် တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက တင်လိုက်ပြီ ဖြစ်သည်။
နိရဥ္စရာ သတင်းဌာန၏ စစ်တွေရုံးခွဲကို ၂၀၁၄ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့မှ ဆိုင်းဘုတ် တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
နိရဥ္စရာ သတင်းဌာနကို ၂၀၀၁ ခုနှစ်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တွင် တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ပြည်တွင်းသို့ ပြောင်းရွှေ့ ရပ်တည်လာခဲ့ပြီး နိရဥ္စရာ ရခိုင်သတင်း ဂျာနယ်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ထုတ်ဝေခဲ့သည်။
နိရဥ္စရာသတင်းဂျာနယ်တိုက် ရုံးချုပ်ကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ ဖွင့်လှစ်ထားသည်။







