တိုက်ပွဲနှင့် ညမထွက်ရအမိန့်ကြောင့် ရခိုင်ဇာတ်သဘင်များ ရပ်နားလိုက်ရ

တိုက်ပွဲနှင့် ညမထွက်ရအမိန့်ကြောင့် ရခိုင်ဇာတ်သဘင်များ ရပ်နားလိုက်ရ
by -
ခိုင်ရိုးလ

ရခိုင်ပြည်နယ်၌ တိုက်ပွဲဖြစ်ပွားမှုများနှင့်မြို့နယ်အချို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသောကြောင့် ယခု နှစ်အတွင်း ဇာတ်သဘင်ထူထောင်နိုင်ခြင်းမရှိဟု ပြည်နယ်ဇာတ်သဘင်အစည်းအရုံး အတွင်းရေးမှူး ဦးထွန်း အေးက DMG ကိုပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလအစောပိုင်းကစတင်ကာ တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ထိုအခြေအနေများကြောင့် ပြီးခဲ့သည့်နှစ်ကလည်း ဇာတ်ကရန်အခက်အခဲရှိ ခဲ့ သောကြောင့် ဇာတ်ပိုင်များအရှုံးပေါ်ခဲ့ကြသည်ဟု ပြည်နယ်ဇာတ်သဘင်အစည်းအရုံးက သိရသည်။

“ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်နေတော့ အနုပညာသမားတွေနဲ့ ဇာတ်ပိုင်ရှင်တွေက  အရှုံးများပါတယ်။ ရခိုင်မှာ ဘုရားပွဲတွေများတယ်။ ဇာပနပွဲတွေများပေမယ့် ဇာတ်သဘင်ဆိုတာက လူစုလူဝေးနဲ့ လုပ်တာကို ပွဲတွေကိုက မပြုလုပ်ရဲတော့ဘူး။ မနှစ်ကလည်း ဇာတ်ဆရာတွေ အရှုံးပေါ်တယ်ဆိုတော့ ဇာတ်မလိုက်ရဲတော့ ဇာတ်သဘင်ကလူတွေ အခက်ခဲတွေဖြစ်နေတာပါ” ဟု ပြည်နယ်ဇာတ်သဘင်အစည်းအရုံး အတွင်းရေးမှူး ဦးထွန်းအေးကပြောသည်။

ရခိုင်ပြည်နယ်တွင် ဇာတ်သဘင် (၁၀) ကျော်ရှိပြီး သဘင်အနုပညာရှင်ဦးရေ (၂၀၀)ကျော်ရှိသည်။၎င်းတို့သည် ယင်းဇာတ်များကို အမှီပြုပြီး လုပ်ကိုင်နေကြရသဖြင့် ဇာတ်မထူထောင်နိုင်လျှင် အလုပ်အကိုင် ရှားပါးခြင်း၊ စားဝတ်နေရေးအခက်အခဲများနှင့်ကြုံတွေ့နေရသည်ဟု သဘင်အနုပညာရှင်များထံကသိရသည်။

“ကျွန်တော်တို့ ရတနာသန်းအောင်ဇာတ်အဖွဲ့ကို ဒီနှစ်မထောင်နိုင်ဘူး။ မနှစ်ကလည်း သိန်း ၄၀၀ လောက်ရှုံးခဲ့တယ်။ ဒီနှစ်မှာလည်း ဒီလိုဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ဒီနှစ်မှာ မထောင်ဖြစ်တာပါ” ဟု ဦးထွန်းအေးကပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ်တွင် ထင်ရှားသည့်ပွဲလမ်းသဘင်များ၊ရခိုင်လူမျိုးများတန်ဖိုးထားရသည့်နေ့ထူးနေ့ မြတ်များကိုလည်း လုံခြုံရေးအခြေအနေအရနှင့်ညမထွက်အမိန့်တို့ကြောင့် ပြုလုပ်နိုင်ခြင်းမရှိပေ။

ရခိုင်ပြည်နယ်တွင် မြို့နယ် (၁၇)မြို့နယ်ရှိသည့်အနက် (၉)မြို့နယ်တွင်တိုက်ပွဲဖြစ်ပွားမှုရှိနေပြီး ဘူးသီးတောင်၊ မောင်တော၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မင်းပြား၊မြောက်ဦးမြို့နယ်တို့တွင် ညမထွက်ရအမိန့်ထုတ် ပြန်ထားသည်။

June 12, 2026
၂၀၂၅ ခုနှစ်၊ မေလမှ ၂၀၂၆ ခုနှစ်၊ မေလထိ တစ်နှစ်တာကာလအတွင်း ရခိုင်ဒေသခံ ၃,၉၉၃ ဦးကို...
မဒေးကျွန်းအား တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 11, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တရုတ်စီမံကိန်းများရှိရာ မဒေးကျွန်းတွင် ကျောက်ဖြူနှင့်...
June 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စာရေးဆရာ ဝေဟင်အောင်၏ နေအိမ်ကို စစ်အစိုးရက ချိပ်ပိတ်လိုက်ကြောင်း...
မကွေးတိုင်း၊ မင်းတုန်းမြို့အစွန်ရှိ မင်းတုန်းချောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက တွေ့ရစဉ်။ ဓာတ်ပုံ- RFA
June 8, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မကွေးတိုင်း၊ မင်းတုန်းမြို့အနောက်ဘက်ခြမ်းရှိ...