မင်းတပ်နဲ့ကန်ပက်လက်ကို စစ်ကောင်စီတပ် အင်အား ၂ ထောင်ဝန်းကျင်နဲ့ ထိုးစစ်ဆင်

မင်းတပ်နဲ့ကန်ပက်လက်ကို စစ်ကောင်စီတပ် အင်အား ၂ ထောင်ဝန်းကျင်နဲ့ ထိုးစစ်ဆင်

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အင်အား ၂ ထောင်ဝန်းကျင်ကို ချင်းပြည်သူ့တပ်မတော်(CPA)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အောင်မြင်စွာ ခုခံဟန့်တားထားနိုင်ပြီး အခြေအနေမကောင်းတဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ကြိမ်ပေါင်းများစွာ လုပ်နေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းပြည်သူ့အစည်းအရုံး(CPU)ထိန်းချုပ်နယ်မြေဖြစ်တဲ့  မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့တွင် အင်အား ၂ ထောင်ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းပြည်သူ့တပ်မတော်နှင့်မဟာမိတ်ပူးပေါင်းတပ်များအကြား မေလ လယ်ဝန်းကျင်လောက်ကနေ စလို့ ထိတွေ့တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိတယ်လို့လည်း CPU က ဆိုပါတယ်။

ဒီတိုက်ပွဲသတင်းတွေနဲ့ ပက်သက်ပြီး သတင်းအမှား၊ ကောလာဟလသတင်းတွေ၊ အတည်မပြုနိုင်တဲ့ သတင်းအမှားတွေ၊ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ နေပြီး သတင်းမှားတွေကြောင့် အများပြည်သူ စိုးရိမ်ထိတ်လန့်စေသလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ဖြစ်စေတယ်လို့ CPU က ထုတ်ပြန်သတိပေးထားပါတယ်။

ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်အနေဖြင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ ဘိုးဘွားပိုင်ရေမြေတောတောင်တွေကို အစွမ်းကုန်ကာကွယ်သွားမှာဖြစ်သလို အခုလို ထိုးစစ်ဆင်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ခုခံတွန်းလှန်မောင်းထုတ်ရာမှာလည်း ပြည်သူများအနေဖြင့် ကျရာကဏ္ဍအသီးသီးမှ မိမိတို့တတ်စွမ်းသည့်အလျောက် တတပ်တအား အားပေးကူညီ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းထားပါတယ်။

အင်အား ၂ ထောင်ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကို မေလ လယ်ဝန်းကျင်ကနေ ဒီကနေ့ချိန်အထိ အောင်မြင်စွာ ခုခံဟန့်တားထားပြီး စစ်မြေပြင် အခြေအနေမကောင်းတဲ့ စစ်ကောင်စီကတော့ တိုက်လေယာဉ်  Y 12  လေယာဉ်တွေနဲ့ အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ CPU က ဆိုပါတယ်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...