၁၇/၁ပုဒ်မဖြင့် ဖမ်းဆီးခံထားရသည့် ABSDF ရဲဘော် မင်းဌေး အမှု ဇန်နဝါရီလ ၂၃ ရက် ထပ်မံ ချိန်းဆို

၁၇/၁ပုဒ်မဖြင့် ဖမ်းဆီးခံထားရသည့် ABSDF ရဲဘော် မင်းဌေး အမှု ဇန်နဝါရီလ ၂၃ ရက် ထပ်မံ ချိန်းဆို
by -
မဇ္ဈိမ
Ko Min Htay (Facebook)
Ko Min Htay (Facebook)
မတရားအသင်းနှင့် ဆက်သွယ်ရေးမှု ပုုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆုုိထားသော မြန်မာနုုိင်ငံလုံုးဆုုိင်ရာ ကျောင်းသားများ ဒီမုုိကရတစ်တပ်ဦး(ABSDF) ဗဟုုိကော်မတီဝင် ရဲဘော်မင်းဌေး အမှုရုံုးချိန်းကုုိ လာမည့် ဇန်နဝါရီလ ၂၃ ရက်တွင် ထပ်မံ စစ်ဆေးမည်ဟု သိရသည်။

“ဒီနေ့က အမှုစွဲချက်စတင်တာ စစ်ဆေးမှုဘာမှ မလုုပ်ဘူး။ ကုုိမင်းဌေးကုုိ ရဲစစ်ဆေးထားတဲ့ဟာတွေ၊ သက်သေခံပစ္စည်းတွေနဲ့ စစ်ဆေးပြီးတော့ တရားရုံး အပ်တဲ့အဆင့်ပဲ။ လာမယ့် ၂၃ ရက်နေ့ကြရင် စစ်ဆေးမှုတွေစမယ်။ တရားလုုိဘက်ကုုိ စတင်စစ်ဆေးသွားမှာပါ”ဟုု ABSDF မှ အတွင်းရေးမှူး(၁) ရဲဘော်မြင့်ဦးက မဇ္ဈိမကိုပြောသည်။

ဇန်နဝါရီလ ၁၃ ရက်က မုုိးမောက်မြို့နယ် တရားရုံးတွင် ပထမဆုံုးအကြိမ် ရုံးချိန်း၌ ရဲတပ်ဖွဲ့မှ စစ်ဆေးထားသော သက်သေခံပစ္စည်းများကုုိ တရားရုံးသုုိ့ လွဲအပ်ခဲ့သည်ဟုု သူက ပြောသည်။

ရဲဘော်မင်းဌေးကုုိ KIA အကျိုးဆောင်ရွက်ခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်က ဗန်းမော်-လွယ်ဂျယ်ကားလမ်းပေးရှိ စိန်လုံဂိတ်တွင် ဖမ်းဆီးခဲ့ပြီး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၂၁ မှ ဗုုိလ်မှူး သက်ဆွေလင်းက တရားလိုပြုကာ ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။ လက်ရှိ ရဲဘော်မင်းဌေးကုုိ ဗန်းမော်အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။

ဇန်နဝါရီလ ၁၁ ရက် ABSDF မှ အတွင်းရေးမှူး (၁) ဦးဆောင်သော ကိုယ်စားလှယ် ၃ ဦးသည် ရဲဘော်မင်းဌေး ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဗန်းမော်အကျဉ်းထောင်သို့ သွားရောက်ခဲ့ကာ ဗန်းမော်ခရိုင် ရဲမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ စကခ ၂၁ မှ တာဝန်ရှိသူများနှင့် စစ်ဘက်ဆိုင်ရာအဖွဲ့ (စရဖ)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ABSDF မှ အတွင်းရေးမှူး(၁) ရဲဘော်မြင့်ဦးက ပြောသည်။
 
ထို့ပြင် ရဲဘော်မင်းဌေးနှင့်လည်း ဗန်းမော် အကျဉ်းထောင်တွင် တွေ့ဆုံခွင့်ရခဲ့ရာ ကျန်းကျန်းမာမာတွေ့ရကြောင်း ၎င်းက ပြန်ပြောပြသည်။

ရဲဘော်မင်းဌေးဖမ်းဆီးခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၁၀၊ ၁၁ ရက်များတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့မှ ခေါင်းဆောင်များ ကရင်ပြည်နယ် လော်ခီးလာတွင် အရေးပေါ်အစည်းအဝေး ပြုလုပ်၍ ရဲဘော်မင်းဌေးနှင့် ALP မှ အဖွဲ့ဝင်များ ဖမ်းဆီးခံရမှုအပေါ် ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ရန် KNU မှ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်သော ၅ ဦးပါ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။
 
ABSDF သည် ဦးသိန်းစိန်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို တခြားသော အဖွဲ့အစည်း ရ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားသော အဖွဲ့ဖြစ်သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...