တိုက်ပွဲများကြောင့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုမလုပ်နိုင်သေးဟု ANP ဥက္ကဌပြော

တိုက်ပွဲများကြောင့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုမလုပ်နိုင်သေးဟု ANP ဥက္ကဌပြော
by -
ခိုင်ရိုးလ

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသတည်ငြိမ်မှုပျက် ပြားနေသဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန် အခွင့်မလမ်းမရှိကြောင်း ရခိုင်အမျိုးသားပါတီ( ANP) ဥက္ကဌ ဦးသာထွန်းလှက ပြောသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် (၁၇)မြို့နယ်ရှိသည့်အနက်  ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ အမ်းမြို့နယ်တို့တွင် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းက စတင်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

“ဘာလို့ဆိုရင် အခုလက်ရှိအခြေအနေအရ ပြောမယ်ဆိုရင် နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်း လောလောဆယ် လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ ကျွန်တော်တို့ပါတီအနေနဲ့ ထင်မိတယ်” ဟု ဦးသာထွန်းလှက ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်၏ အခြေအနေများကြောင့် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်မှုရှိ၊မရှိ အခြေအနေကိုမသိရှိ ရသေးကြောင်းလည်း ရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားသည်။

ANP အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပလျှင် ရခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်းတွင်ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကာ ရွေးကောက်ပွဲမကျင်းပလျှင်လည်း ပြည်သူများ၏အကျိုးအတွက် လိုအပ်သောကဏ္ဍများကို နိုင်ငံရေး အရ ကြိုပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း အောက်တိုဘာလ (၇) ရက်နေ့က UN ကိုယ်စားလှယ်များနှင့် တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။

ရခိုင်အမျိုးသားပါတီ(ANP)သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း အများဆုံးအနိုင်ရရှိခဲ့ပြီး ပြည် နယ်လွှတ်တော်ကို ထိန်းချုပ်ခွင့်ရရှိခဲ့သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...