ရသေ့တောင်တိုက်ပွဲကြောင့် လူငယ်တစ်ဦးသေဆုံး

ရသေ့တောင်တိုက်ပွဲကြောင့် လူငယ်တစ်ဦးသေဆုံး
by -
မင်းထွန်း

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ အောက်တိုဘာလ ၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသက် (၁၇) နှစ်အရွယ် လူငယ်တစ်ဦးလည်း ကျည်ဆန် ထိမှန်၍ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။  

သေဆုံးသွားသူမှာ ကျောက်တန်းကျေးရွာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် မောင်အောင်နိုင်ဆိုသူဖြစ် သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“ကျည်ထိလို့ သေဆုံးတာတော့ ဟုတ်တယ်။ခြေတွေလက်တွေတောင် ပဲ့ထွက်သွားတယ်လို့ပြောတယ်။ ဘယ်ဘက်ကပစ်လို့ ကျတာလည်းမသိရဘူး” ဟု ဦးခင်မောင်လတ် ကပြောသည်။

ကျောက်တန်းကျေးရွာအနီးတွင် အောက်တိုဘာလ (၈)ရက်နေ့၊နံနက် (၉)နာရီကျော်ကပင် တိုက်ပွဲ ဖြစ်ပွားမှုများရှိခဲ့ပြီး လက်ရှိအချိန်တွင်လည်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကာ ဒေသခံများစိုးရိမ်မှုများရှိနေသည်။

ရခိုင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခကြောင့် သေဆုံးသူ (၈၀)ကျော် ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၃၀)ဦးခန့်ရှိ နေသည်။

အောက်တိုဘာလ ၈ ရက်နေ့က ကျောက်တန်းကျေးရွာအနီးတွင်အပြင် ကျောက်တော်မြို့နယ်၊ ဂျင်ခါးစေ့ရွာနှင့် ကျောက်ရှိပြင်ရွာအကြားတွင်လည်းကောင်း၊ ပလက်ဝမြို့နယ်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရက္ခိုင့် တပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...