တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်တွင် ရွာသား (၁၁)ဦး ပိတ်မိနေ

တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်တွင် ရွာသား (၁၁)ဦး ပိတ်မိနေ
by -
ဝင်းညွန့်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသား (၈)ဦးနှင့် အမျိုးသမီး (၃) ဦးပိတ်မိနေသည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ (၅) ရက်နေ့က သရက်ပြင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုရှိပြီးနောက် ရွာသူ၊ရွာသားများမှာ ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးလွတ်မြောက်သွားကြသော်လည်း ရွာသား (၁၁) ဦး ပိတ်မိနေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။

“တိုက်ပွဲဖြစ်တော့ သူတို့က ရွာသစ်ကျေးရွာကို ထွက်ပြေးသွားတယ်။ တိုက်ပွဲပြီးတော့ လိုအပ်တာတွေ ယူဖို့ပြန်လာတယ်။ ရွာထဲကိုရောက်တော့ စစ်သားတွေက ဘုန်းကြီးကျောင်းမှာ နေရာယူထားတော့ ပိတ်မိ သွားတယ်”ဟု ၎င်းကဆိုသည်။

ပိတ်မိနေသူများနှင့်အဆက်အသွယ်မရရှိသောကြောင့် အခြေအနေစောင့်ကြည့်နေရသည်ဟု ဘူးသီးတောင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးအောင်သောင်းရွှေက ပြောသည်။

“ပိတ်မိနေတာတော့ ဟုတ်တယ်။ လောလောဆယ်ကတော့ သူတို့နဲ့ အဆက်အသွယ် မရသေးတဲ့အတွက် ကူညီမယ်ဆိုရင်လည်း ဘာလိုလုပ်ရမှန်းမသိဖြစ်နေတော့ အခြေအနေတစ်ခုကို စောင့်ကြည့်နေတယ်”ဟု၎င်းက ဆိုသည်။

ပိတ်မိနေသူများ၏ အခြေအနေကို သိရှိရန်အတွက် ရွာသို့သွားရန် ဒေသခံများက ကြိုးစားသော်လည်း တပ်မတော်က ပစ်ခတ်မှုများရှိနေသောကြောင့် မသွားရဲကြဟု ဒေသခံများက ပြောသည်။

သရက်ပြင်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းကလည်း တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွား မှုရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...