မြေပုံမြို့နယ်တွင် ထင်းခုတ်သွားသည့် အမျိုးသမီးတစ်ဦး မိုင်းထိမှန်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရ

မြေပုံမြို့နယ်တွင် ထင်းခုတ်သွားသည့် အမျိုးသမီးတစ်ဦး မိုင်းထိမှန်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရ
by -
ကျော်သူဌေး

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာအုပ်စု၊ အင်ကြင်းကျေးရွာမှ ဇနီးမောင်နှံနှစ်ဦး တောထဲသို့ ထင်းခုတ်ရန် သွားရောက်စဉ် ဇနီးဖြစ်သူမှာ မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်တွင် ပြင်းထန်စွာဒဏ်ရာရရှိ သွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းက ပြောသည်။

အောက်တိုဘာလ (၇)ရက်နေ့၊ နေ့လယ် (၁၂)နာရီအချိန်ခန့်က တောထဲသို့ ထင်းခုတ်ရန်သွားကြစဉ် မိုင်းထိမှန်ခဲ့ခြင်းဖြစ်ပြီး အသက် (၁၉)နှစ်အရွယ် ဇနီးဖြစ်သူ မရွှေခင်ကြည်မှာ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။ ဒဏ်ရာပြင်းထန်သောကြောင့် အမ်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်။

“တောထဲကို လင်မယားနှစ်ယောက် ထင်းရှာသွားနေတဲ့အခါ လင်ကရှေ့ကသွားပြီး မိုင်းကိုကျော်သွားတယ်။ ဇနီးဖြစ်သူကနောက်က လာတဲ့အခါ မိုင်းနင်းတာပါ။ အခုက အမ်းဆေးရုံမှာပါ။ ခြေသလုံးမှာ အသားတွေ ဘာမှမကျန်တော့ပါဘူး။ အရိုးတွေပဲ ကျန်ပါတော့တယ်။ စိုးရိမ်ရတဲ့အခြေအနေလို့ ဆရာဝန်က ပြောပါတယ်” ဟု စညှင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းက ပြောသည်။

ယခု မိုင်းထိမှန်သည့်နေရာသည် အင်ကြင်းကျေးရွာနှင့် (၂) ဖာလုံးခန့်ဝေးကွာပြီး ယင်းဒေသတဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှုလည်း လုံးဝမရှိခဲ့ကြောင်း ဒေသခံများကဆိုကြသည်။ လွန်ခဲ့သည့် စက်တင်ဘာလ ၂၄ ရက် နေ့နှင့် ၂၅ ရက်နေ့က ယင်းနေရာတွင် တပ်မတော်စစ်ကြောင်းတစ်ခုက စခန်းချခဲ့ပြီး အနီးအနားရှိ တောတောင်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံံများထံက သိရသည်။

မြေပုံမြို့နယ်တွင် ယခင်က တိုက်ပွဲဖြစ်ပွားမှုများ မရှိခဲ့သော်လည်း ယခုအခါ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိလာသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...