အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသည်ဆိုသော ဗိုလ်တစ်ထောင်မှ မြေရှင် ၂၄ ဦးတို့ မြေကွက်များပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်

အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသည်ဆိုသော ဗိုလ်တစ်ထောင်မှ မြေရှင် ၂၄ ဦးတို့ မြေကွက်များပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်
by -
မဇ္ဈိမ
ဗိုလ်တစ်ထောင်မြို့နယ်အတွင်း အိုးအိမ်မှသိမ်းဆည်းထားသည့် မြေပိုင်ရှင် ၂၄ ဦး၏ မြေကွက်များ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ပွဲတစ်ရပ် ဇန်နဝါရီလ ၁၂ရက်၊ ရန်ကုန်မြို့တော်ခန်းမရှေ့၌ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် အိုးအိမ်ဦးစီးဌာနမှ မြေပိုင်ရှင် ၂၇၇ ဦးကို လျော်ကြေးနစ်နာကြေးအဖြစ် တိုက်ခန်း ၁ ခန်းနှင့် ငွေသိန်း  ၃၂၀ ကျပ်အား ပေးအပ်ခဲ့သော်လည်း မြေပိုင်ရှင် ၂၄ ဦး ကျန်ရှိနေသောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု မြေပိုင်ရှင်များက ပြောသည်။

“ သူတို့မပေးချင်လို့ တမင်အချိန်ဆွဲထားတယ်လို့ပဲ ထင်တယ်။ အချိန်ဆွဲထားတာက အတားအဆီးတစ်ခုပဲ။ ပြည်သူတွေကအချိန်တွေနစ်နာတယ်။ ဒီနေ့ဆိုရင်လည်း လမ်းတွေကြပ်တယ်။ အလုပ်တွေဖျက်ပြီးတော့   လာရတယ်။ မအားတဲ့ကြားတည်းက ကိုယ့်မြေကိုယ်ပြန်ရအောင်ဆန္ဒဖော်ထုတ်ကြရတာ” ဟု ဆန္ဒထုတ်ဖော်သူ မသင်းသင်းနိုင်က ပြောသည်။

အဆိုပါမြေနေရာကိစ္စနှင့်ပတ်သက်ပြီး အိုးအိမ်ဦးစီးဌာနမှ နိုင်ငံအတော်အဆင့် စီမံဆုံးဖြတ်ရမှာဖြစ်ကြောင်း ပြောသည်။

 “ဒီကိစ္စက နိုင်ငံတော်အဆင့်ကမှ စီမံဆုံးဖြတ်လို့ရမှာ။ ပြီးခဲ့တဲ့ ၂၇၇ ယောက်ကို လျော်တုန်းကလည်း   နိုင်ငံတော်က လျော်လိုက်ပါတော့ပြောလို့   လျော်ပေးခွင့်ပေးလိုက်တာပေါ့နော်။   နိုင်ငံတော်အဆင့်က လျော်ပါဆိုရင် ကျွန်တော်တို့အိုးအိမ်ဌာနက လျော်မှာပဲ” ဟု ဗိုလ်တထောင်မြို့နယ်၊ အိုးအိမ်ဦးစီးဌာနရှိတာဝန်ရှိသူတစ်ဦးမှ ပြောဆိုသည်။

အဆိုပါမြေနေရာများအတွက် ဆန္ဒထုတ်ဖော်မှုမှာ ၂၀၁၃ ခုနှစ် ၁ လမှ စတင်ခဲ့ပြီး ယခု  ၂၂ ကြိမ်မြောက်ဖြစ်ကာ ဆန္ဒထုတ်ဖော်သူများက ထပ်မံ၍ ဇန်နဝါရီလ ၂၆ ရက်နေ့တွင်လည်း ယခင်အတွင်းဝန်ကြီးများရုံးမှ အိုးအိမ်ဦးစီးဌာနအထိ လမ်းလျှောက်ဆန္ဒပြသွားမည်ဟု သိရပါသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...