ကျောက်ဖြူမြို့နယ်မှာ ကျောက်မီးသွေး စက်ရုံတကယ်ပဲ တယ်ဖြစ်မှာလား

ကျောက်ဖြူမြို့နယ်မှာ ကျောက်မီးသွေး စက်ရုံတကယ်ပဲ တယ်ဖြစ်မှာလား
by -
ဝေမိုး
ငယ်ငယ်က ကြည့်ခဲ့ဖူးသော ၂၀ ရာစုခေတ်ဦးကာလ ဇာတ်အိမ်နှောက်ခံနှင့်ရုပ်ရှင်ကားများတွင် ကျောက်မီးသွေးနောက်ခံပြု ဇာတ်လမ်း ရုပ်ရှင်များကြည့်ခဲ့ဖူးသည်။ ထိုရုပ်ရှင်ကားများတွင် ကျောက်မီးသွေးလုပ်ငန်းခွင်မှ လုပ်သားများသည် ခန္စာကိုယ်တစ်ခုလုံး ဖုန်မှုန်များပေ ကျံကာ လုပ်ရှားနေကြသည့် မြင်ကွင်းများကို တွေ့ရသည်။ နောက်ထပ် ကျောက်မီးသွေးလုပ်ငန်းခွင် များနှင့်ပတ်သက်ပြီး မြင်ယောင်နေမိ သည်မှာ အေဂျေကရိုနင်၏ ရဲတို်က်ဝတ္တုထဲမှာ ကျောင်မီးသွေးလုပ်သားကြီးများဖြစ်ကြသည်။ ယင်းဝတ္တုထဲတွင် ကျောက်မီးသွေးလုပ်သား များနှင့် သူတို့၏ မိသားစုများသည် ခေါင်းဆိုးသံများ တဟွတ်ဟွတ်နှင့် စက်ရုံကြီးများ၏ ခေါင်းမိုး မီးခိုးတိုင်များမှ မီးခိုးများဖြင့် မဲမှောင်နေ သည် ကောင်းကင်ဝန်းကျင်ကိုပါ ထင်ရှားစွာ မြင်တွေ့နိုင်သည်။

ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားစက်ရုံသို့မဟုတ် ကျောက်မီးသွေးထုတ်လုပ်သည် မြင်ကွင်းများကို ငယ်ငယ် က အထက်မှာ ဆိုခဲ့သလို ရုပ်ရှင်ကားများနှင့်ဝတ္တုစာအုပ်များတွင်သာ မြင်ဖူးသော်လည်း ယခုနှောက်ပိုင်းတွင် ရခိုင်ပြည်နယ်မှာ မြင်တွေ့လာရန်အစပြုလာ သည်။ မြန်မာနိုင်ငံတွင် ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားပေးလုပ်ငန်းများကို ဒီမိုကရေစီအစိုးရတက်လာပြီးနှောက်တွင် ဆောင်ရွက် လာကြသည်။

ရွေသဘာဓါတ်ငွေ့ထွက်ရှိရာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်လည်း ယခုအခါ လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ရန် စီစဉ်မှုတစ်ခုပြုလုပ်လာခဲ့ပြီဖြစ်သည်။ယင်းစက်ရုံအား Daewoo International Corporation နဲ့ MCM Energy Company Limited တို့မှ အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

ထိုကြောင်း ယင်းစက်ရုံ တည်ဆောက်ရန် ဒေသခံများနှင့်ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ကြသော် လည်း ဒေသခံများဆွေးနွေးမေးမြန်း လိုသည့် သဘောတရားများကို နားလည်အောင်ရှင်းပြမှုနည်းခဲ့သည်ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သူ တစ်ဦးဖြစ်သည် ရခိုင်အမျိုးသားပါတီမှ ကျောက်ဖြူမြို့နယ် အတွင်း ရေးမှုး ဦးဖိုးစံက ဆိုသည်။

“ တွေ့ဆုံဆွေးနွေးပွဲက လေးနာရီခန့်ကြာပါတယ် ဆွေးနွေးပွဲမှာတော့ ကျနော်တို့လိုလားတဲ့ ဖြေဆိုမှုကို ရှင်းရှငိးလင်းလင်း မရခဲ့ပါဘူး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကတော့ ခုချက်ချင်းဆောင်ရွက်မှာမဟုတ်ဘူး ဒီလိုပြည်သူတွေရဲ့ အသံကို သိရှိရအောင် တွေ့ဆုံဆွေးနွေးရန် လာရောက်ခဲ့တာလို့ဆိုပါတယ် “

ဦးဖိုးစံ အနေနှင့် ကျောက်မီးသွေးမှ ထွက်ရှိသည့် ဘေးထွက်ဆိုးကျိုးများကို အမည်တစ်ခု ချင်းစီခန့်ချပြခဲ့ပြီး စုစုပေါင်း ၁၃ မျိုးခန့်ရှိကာ သူ့အနေနှင့် တစ်ချက်ချင်းစီ ဘေးထွက်ဆိုးကျိုးများကို ချပြခဲ့သည်။

ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိသည့် ဘေးထွက်ဆိုိးကျိုးများတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့၊ အက်ဆက်မိုးများကို ရွာသွန်းစေနို်င်သည့် ဆာလ်ဖာဒိုင် အောက်ဆိုဒ်ဓါတ်ငွေ့၊ အသက်ရှုလမ်းကြောင်းတွင် ရောဂါဖြစ်ပွားစေနိုင်သည့် ကာဗွန်မိုနောက်ဆိုဒ်၊ သောက်သုံးရေနှင့် ပင်လယ်ရေထုကို ညစ်ညမ်းစေနိုင်သည့် အာဆင်းနစ်(စိန်ဖြူ)၊ ပြသဒါး၊ခဲ၊ကက်မီယံ၊ ယူရေနီယံနှင့်ပြာအမှုန် များလည်း ထွက်ပေါ်နိုင်သောကြောင်း လေထုနှင့်ရေထု၊မြေထုကိုပါ ညစ်ညမ်းစေနိုင်ကြောင်း သိရှိရသည်။

ကျောက်မီးသွေးသုံးစွဲမှုနှင့်ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ စစ်တမ်းများ ဖော်ပြချက်အရတွင် အသက်ရှူလမ်းကြောင်းများမှ တစ်ဆင့် ကျောက်မီးသွေးထဲမှာပါ ရှိသည့် စိန်ဖြူဓာတ်ဝင်ရောက်ကာ လူသေခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေး အသေမွေးကာ မွေးဖွားလာသည့် ကလေးများကလည်း ညဏ်ရည်ပြည်မီမှု မရှိဘဲ ကိုယ်အလေးချိန်များပါ လျှော့ကျလာမည်ဖြစ်သည်။ အသုံးမပြုဘဲ ပစ်ထားရှိမည့် ကျောက်မီးသွေးများမှာလည်း ထွက်ရှိသည့် အာဆင်းနစ် များကြောင်းစက်ရုံတည်နေရာရဲ့ (၅)မိုင်ပတ်ဝန်းကျင်က လူ(၁၀၀၀)ကျော်ဟာ အသက်အန္တရာယ် ရှိလာနိုင်ကြောင်းသိရှိရသည်။

ထိုသို့ဆိုးကျိုးများဖြစ်ပွားမည်ကို စိုးရိမ်၍ ထိုင်းနိုင်ငံရှိကျောက်မီးသွေးစက်ရုံများကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာရေးခရီး သွားရောက်ခဲ့သည် ကျောက်ဖြူ လူမူကွန်ယက်မှ ကိုထွန်းထွန်းနိုင်က သူ့အနေနှင့်ဆွေးနွေးပွဲတွင်  စွန့်ပစ်ပစ္စည်းများကို မည်သို့ကာကွယ်မည် လဲဆိုသည်ကို မေးမြန်းဖြစ်ခဲ့သည်ဟုDNJ သို့ပြောသည်။

“ သူတို့ကတော့ သန့်စင်နည်းလမ်းပိုင်းနဲ့ ကာဗွန်ဒိုက်အောက်ဆိုက်တို့ နည်းပါးအောင်သုံးမယ် ပြောတယ် တကယ်တမ်းပြော ရရင် ကျနော်ရဲ့ ထိုင်းကျောက်မီးသွေးစက်ရုံ၊စက်မှုဇုန်တို့မှာ လေ့လာချက်အရ ဒီနည်းပညာဟာ လုပ်ငန်းရင်းနှီးမှုရဲ့ ရှစ်ဆယ် ရာခိုင်နှုန်းကုန် တယ်လို့ ပြောသံကြားတယ် “

ကျောက်မီးသွေးစက်ရုံတည်ဆောက်မည့် ကုမ္ပဏီဘက်က  ခေတ်မည်ကောင်းမွန်သည့် နည်းလမ်းများကို အသုံးပြုမည် ဆိုသော်လည်း တက်ရောက်လာသည့် ပြည်သူများဘက်က ယုံကြည်မှုနည်းကြကြောင်း ဆွေးနွေးပွဲတက်ရောက်လာသူ ကိုကျော်ဝင်းကဆိုသည်။

ကျောက်မီးသွေးစက်ရုံသည် လျှင်မြန်စွာတည်ဆောက်မည် မဟုတ်ဘဲ ပြည်သူများ၏ သဘောထားရရှိပြီးမှာသ တည်ဆောင်မည်ဖြစ် ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံတည် ဆောက်မည့် မြေဧကမှာ ဧက ၆၀၀ မှ ၁၀၀၀ ကျော်အထိ လိုအပ်မည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားချက်များ အရ သိရှိရသည်။

လျှပ်စစ်ဓါတ်အားမှာ စက်တပ်ဆင်အင်အား ပထမအဆင့် ၆၆၀ မီဂ္ဂါ၀ပ်၊ ဒုတိယအဆင့် ၆၆၀ မဂ္ဂါ၀ပ်ပြုလုပ်မည်ဖြစ်ပြီး ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း၂၅၀၀ခန့် ရှိကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်တွင် ရွေသဘာဝဓါတ်ငွေ့မှ ဓါတ်ငွေ့များကို သုံးစွဲနေကြပြီး ယင်းဓါတ်ငွေ့မှ ဓါတ်ငွေ့များကိုသာ လုံလောက်သာပေး ပါက ကျောက်မီးသွေးလျှပ်စစ်စက်ရုံလိုအပ်မည် မဟုတ်ကြောင်း ဦးဖိုးစံက ဆိုသည်။ ဦးဖိုးစံနည်းတူပင် တွေ့ဆုံဆွေးနွးပွဲသို့ တက်ရောက် ခဲ့သူ ရှေ့နေ ဦးထိန်လင်းကလည်း စီမံကိန်းအပေါ် သူ၏ အမြင်ကို DNJ သို့ပြောပြသည်။

“ သဘာဝဓါတ်ငွေ့ထွက်တဲ့ ဒေသမှာ ကျောက်မီးသွေးလျှပ်စစ်စက်ရုံ မလိုအပ်ပါဘူး သူတို့က ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို လျှပ်စစ် ဓါတ်အားတွေရောင်းလိုလို့ လာရောက်ရင်းနီးမြုပ်နံတာဖြစ်မှာပါ “

ကျောက်မီးသွေးစက်ရုံများအားသုံးစွဲသည် ကမ္ဘာပေါ်တွင် နည်းပါးလာခဲ့ပြီဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများ ဖြစ်သည် ထိုင်း၊တရုပ်တို့ တွင်လည်း ကျောက်မီးသွေးစက်ရုံများသည် ပိတ်ပင်လာခဲ့ရပြီး ယင်းနိုင်ငံများမှ စက်များအား မြန်မာနိုင်ငံသို့ ယူဆောင် အသုံးပြုနေကြပြီဖြစ်သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မေးမြန်းဆွေးနွေးခဲ့သူ တစ်ဦးဖြစ်သည် မဒေးကျွန်းမှ ဦးထွန်းကြည် ယခုတည်ဆောက်မည့် ကျောက်မီးသွေး စက်ရုံ ကမ္ဘာပေါ်တွင် ဒုတိယ အဆင့်မြင်စက်ဖြစ်ကြောင်း ပြောဆိုရှင်းပြသွားခဲ့ကြသည်ဟုဆိုသည်။

ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများတွင် ပါလည့်ရှိသည် အတိုင်း ယင်းအနီးနားကျေးရွာများမှာ ရွာများ၊ကျောင်းများ၊ရေကန်များ၊လမ်းများ၊ပြုပြင် ပေးမည် ဆိုသည်ကိုလည်း လူပေါင်းလေးရာခန့်တက်ရောက်သည့် ကျောက်မီးသွေးလျှပ်စစ်စက်ရုံနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားသွားခဲ့ကြောင်း သိရသည်။

တက်ရောက်လာကြသည့် ဒေသခံများကတော့ စီမံကိန်းအပေါ် သဘောမတူပဲ ကျောက်မီးသွေးမှ ရရှိမည့် လျှပ်စစ်ဓါတ်အား ထက် ရွှေသဘာဝမှ ရရှိနိုင်သည့် လျှပ်စစ်ဓါတ်အားကိုသာ မျှော်လင့်နေကြကြောင်း ကိုကျော်ဝင်းက ဆိုသည်။ “ လူတွေကတော့ တကယ်လို့မရနိုင်ရင် အဲဒီ အချက်နဲ့ပဲ ဆန္ဒပြမယ်ဆိုတဲ့ သဘောဖြစ်နေကြတယ် “ ရခိုင်အမျိုးသားပါတီမှ ကျောက်ဖြူမြို့နယ် အတွင်းရေးမှုး ဦးဖိုးစံကလည်း ဒေသခံများကို ကျောက်မီးသွေးကြောင်း သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုများကို သူ့အနေနှင့် ဆွေးနွေးပွဲများ၊သင်တန်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောပြသည်။

ကျောက်မီးသွေးစက်ရုံများ၏ ဘေးထွက်ဆိုးကျိုးများကိုက ကျောက်မီးသွေးစက်ရုံတည်ရှိသည့် နိုင်ငံတိုင်းက ရင်ဆိုင်ခံခဲ့ရပြီဖြစ်သည်။ စက်ရုံများတည်ရှိသည့် မြို့ကြီးများတွင် သာဓကာများအဖြစ် မီးခိုးများဖုံးလွမ်းကာ လေထုညစ်ညမ်းခြင်း၊ အက်ဆစ်မိုးများ ရွာသွန်းခြင်း၊ အသက်ရှုရန် ခက်ခဲခြင်းစသည့် အခြေနေများကို ဖြတ်သန်းကြရသည်။ ထိုင်းနိုင်ငံနောက်မြောက်ပိုင်း Lampang ခရိုင်တွင် ၁၉၇၈ ခုနှစ်က စတင် လည်ပတ်ခဲ့တဲ့ မယ်မော (Mae Moh ) ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသော မီးခိုးပြာကြောင့် ၁၉၉၆ ခုနှစ်တွင် ဒေသခံ ၆ ဦး သွေးအဆိပ်သင့် သေဆုံးပြီး အဆိပ်သင့်သူ ၈,၀၀၀ ကို ဆေးစစ်ရာ ၃,၅၀၀ ဦးမှာ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါများ ခံစားနေရကြောင်း တွေ့ရှိရ၍ ဒေသခံများက အစိုးရကို တရားစွဲဆိုခြင်းများရှိခဲ့သည်။

ထိုသို့သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ကိုဖြစ်ပွားစေနိုင်မည့် ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားပေး စက်ရုံသည် ရွှေသဘာဝ ဓါတ်ငွေ့ ထွက်ရှိရာ ကျောက်ဖြူမြို့တွင် လိုအပ်ပါရဲ့လားဆိုသည်ကို ဒေသခံများအနေနှင့်ဆန်းစစ်နေဆဲဖြစ်သည်။ အကယ်၍ မလိုအပ်ပါက သူတို့ အနေနှင့် ကန့်ကွက်ကြအုံးမည်ဖြစ်သည်။

တစ်ချိန်က ကျောက်မီးသွေးလုပ်ငန်းခွင်များပါရှိသည် ရုပ်ရှင်ကားများတွင် မြင်တွေ့ခဲ့ဖူးသော မြိုပြများ၏ ကောင်းကင်ကဲ့သို့ ပင် လေထုထဲ၌ ကာဗွန်ဒိုက်အောက်ဆိုက်များဖုံးလွမ်းပြီး အလယ်ဒွိန်ကျေးရွာအုပ်စုနယ်မြေတွင် ကျောက်မီးသွေးလျှပ်စစ် ဓါတ်အားပေး စက်ရုံ ဖြစ်ပေါ်လာမည်လား ဆိုသည်ကို စောင့်ကြည့်နေရမည်ပင်ဖြစ်သည်။ ကျောက်ဖြူ ဒေသခံများကတော့ လျှပ်စစ်ဓါတ်အား ဆိုလျှင် ရွှေသဘာဝါဓါတ်ငွေ့မှအပ တခြားဓါတ်ငွေ့မလိုတော့ချေ..။

Most read this week

More news from Others
January 15, 2016
မေး။  ။ ဆရာမတာဝန်ယူထားရတဲ့အပိုင်းနဲ့ KBC ကလုပ်ဆောင်ပေးနေတဲ့ အပိုင်းတွေ သိပါရစေ ခင်ဗျား။ ဖြေ။...
January 13, 2016
MSF ဟော်လန်အနေဖြင့် ၂၀၀၃-၂၀၀၄ မှ စတင်ကာ အေအာရ်တီ ( ART ) ဆေးပရိုဂရမ်ကို စတင်ခဲ့သော်လည်း...
November 17, 2015
မြန်မာနိုင်ငံရဲ့ အထင်ကရ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ ပါဝင်ခဲ့တဲ့ ဦးအေးမောင်ဟာ...