ရခိုင်ယူနိုက်တက် FC အိမ်ကွင်း ဝေသာလီဘောလုံးကွင်းဖွင့်ပွဲ ရခိုင်စည်တော် ၆၃ လုံးတီးခတ်ပြီးဖွင့်လှစ်မည်

ရခိုင်ယူနိုက်တက် FC အိမ်ကွင်း ဝေသာလီဘောလုံးကွင်းဖွင့်ပွဲ ရခိုင်စည်တော် ၆၃ လုံးတီးခတ်ပြီးဖွင့်လှစ်မည်
by -
နိရဥ္စရာ
Rakhine United FC ၏ အိမ်ကွင်း ဝေသာလီဘောလုံးကွင်း ဖွင့်ပွဲကို ဇန်နဝါရီလ ၁၄ ရက် စနေနေ့ – နေ့လယ် ၂ နာရီအချိန်တွင် ပြုလုပ်မည် ဖြစ်ရာ ရခိုင်စည်တော် ၆၃ လုံး တီးခတ်ပြီး ဖွင့်လှစ်သွားမည်ဟု သိရသည်။

၎င်းပြင် နိုင်ငံကျော်အနုပညာရှင် သရုပ်ဆောင်များနှင့် အဆိုတော်များဖြစ်ကြသည့် နေထက်လင်း၊ သူထူးစံ၊ ထူးအယ်လင်း၊ ၀င်းကိုခိုင်၊ ရိုက်တာ၊ မြတ်ခိုင်ကျော်၊ ပြည်ကျော်၊ သန်းဆွေ၊ ဖိုးဇော်၊ ချစ်စနိုးဦး၊ စန္ဒီမြင့်လွင်၊ ပိုပို၊ စောနှင်းနွယ်၊ ၀တီစိုးမိုး၊ ငြိမ်းစန္ဒာ၊ ပန်းခတ်ရွှေစင် တို့ကလည်း သီဆိုဖျော်ဖြေပေးသွားမည် ဖြစ်သည်။

၎င်းညနေ ၃ နာရီတွင် Rakhine United FC နှင့်Southem Myanamr FC အသင်းတို့၏ MNL League 2017 ဘောလုံးပွဲစဉ်ကို ကျင်းပပြုလုပ်မည်ဟု ရက္ခိုင့်ဘောလုံးအသင်းပိုင်ရှင် ဦးဇော်မင်းသိန်း ကပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပု နှင့် ဌာနဆိုင်ရာ တာဝန်ရှိ လူကြီးများလည်း တက်ရောက်ပြီး၍ ရခိုင်ပြည်နယ်ရှိ မိဘ ပြည်သူများသို့ Rakhine United FC အသင်းသား များအား မိတ်ဆက်ခြင်းနှင့် အသင်းအပ်နှံခြင်းအခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဝေသာလီဘောလုံးကွင်းတွင် ကြီးကျယ်ခန်းနားစွာကျင်းပပြုလုပ်မည်ဟု သူက ဆက်လက် ပြောကြားသည်။

ယင်းကွင်းဖွင့်ပွဲအခမ်းအနား မပြုလုပ်မည် နိုင်ငံကျော် ရုပ်ရှင်မင်းသား မင်းသမီးများနှင့် အဆိုတော်များ၊ ရခိုင်အဆိုတော်များသည် အလှယာဉ်ကားပေါ်တွင် လိုက်ပါလျက် နံနက် ၈ နာရီတွင် စစ်တွေမြို့ရှိ အလိုတော်ပြည့်ကျောင်းမှ စတင်၍ ထွက်ခွာပြီး မြို့ကိုပတ် သီချင်းဆိုဆော်သြခြင်းကို ၁၁ နာရီထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“မွန်းတည့် ၁၂ နာရီမှာ ဝေသာလီဘောလုံးကွင်းကို သွားရောက်ပြီးတော့ ၁၂ နာရီကနေ ၂ နာရီထိ တေးသံတွေနဲ့ ဖျော်ဖြေရေးလုပ်မယ်။ ၂ နာရီမှာ ဘောလုံးကွင်းကို ရခိုင်စည်တော် ၆၃ လုံးနဲ့ မင်္ဂလာစည်တီးပြီးတော့ ဖွင့်လှစ်မယ်။ ပြီးတော့ ရခိုင်ရိုးရာ ယဉ်ကျေးမှု အဖွဲ့တွေက ရိုးရအကတွေနဲ့ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်”ဟု ဖွင့်ပွဲအခမ်းအနားကျင်းပရေးအတွက် ကူညီ ဆောင် ရွက်လုပ်ကိုင်နေသူ အလိုတော်ပြည့်ကျောင်းမှ ဆရာတော်ဦးကုမာရက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...