ပုဏ္ဏားကျွန်းမြို့နယ်တွင် တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲခံရ

ပုဏ္ဏားကျွန်းမြို့နယ်တွင် တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲခံရ

ကျော်သူဌေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ်ကျေးရွာ ကူးတိုးလှေဆိပ်အနီးတွင် ယနေ့ အောက်တိုဘာလ ၃ ရက် နံနက် ၈ နာရီကျော်အချိန်က တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

အောင်ဆိပ်ကျေးရွာအနီးတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းကို အေအေက ရီမုတ်မိုင်းနှင့် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုကို မသိရသေးကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

“အဲဒီဝန်းကျင်နားမှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့တွေရှိတယ်။ အဲဒီ လုံခြုံရေးတပ်ဖွဲ့ကို ရီမုတ်မိုင်းနဲ့ခွဲတာ။ AA ကခွဲတာ။ ကျနော်တို့တော့ မထိဘူး၊ ရွာသားထိလားတော့ မသိဘူး ” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်သည်ဆိုသည့်အပေါ် ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

မိုင်းပေါက်ကွဲသံကြောင့် ကူးတိုးလှေများကိုပိတ်ထားလိုက်ရပြီး ဒေသခံများမှာလည်း စိုးရိမ်မှုများရှိနေကြောင်း အောင်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်စံကျော်က ပြောသည်။

“မနက် ၈ နာရီခွဲလောက်မှာ မိုင်းတစ်လုံးပေါက်တယ်။ ကျာနော်တို့ရွာက ယိုးတရုတ်ရွာကိုသွားတဲ့ ကူးတိုးဆိပ် နားမှာဖြစ်တာ။ တစ်ခါမှမကြုံဖူးလို့ စိုးရိမ်မှုတွေဖြစ်ကြရတယ်။ လတ်တလော ကူးတိုးတွေနဲ့ သွားလာသူတွေကို နာရီအနည်းငယ်လောက် ပိတ်ထားလိုက်ရတယ် ” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁၀ ကျော် ကြာမြင့်လာခဲ့ပြီး တိုက်ပွဲနယ်မြေများတွင် မိုင်းပေါက်ကွဲမှုများမှာ မကြာခဏဖြစ်ပေါ်နေခြင်းလည်းဖြစ်သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...