တိုင်းရင်းသား တန်းတူအခွင့်အရေးရရှိရေး ကရင်တိုင်းရင်းသားများဦးဆောင် တောင်းဆို

တိုင်းရင်းသား တန်းတူအခွင့်အရေးရရှိရေး ကရင်တိုင်းရင်းသားများဦးဆောင် တောင်းဆို

တိုင်းရင်းသားတန်းတူအခွင့်အရေးရရှိရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးတို့အတွက် ကရင်တိုင်းရင်းသားများဦးဆောင်ကာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ပွဲကို အောက်တိုဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဒုလပန်းခြံရှေ့မှာပြုလုပ်ခဲ့ကြပြီး ကရင်နီ၊ ချင်း စသည့်တိုင်းရင်းသားများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

“ကိုယ့်သမိုင်း၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်နိုင်ငံရေးကို ဖော်လို့မရတဲ့နိုင်ငံမှာတော့ ကျနော်တို့မနေတာ ကောင်းတယ်။ ဆုံးဖြတ်ချက်နဲ့ နိုင်ငံထူထောင်ရမှာပဲ” ဟု ပူးပေါင်းပါဝင်လာသည့် ကရင်နီတိုင်းရင်းသား လူငယ်တစ်ဦးက ပြောသည်။

ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် တိုင်းရင်းသားတန်းတူအခွင့်အရေး၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေး၊ စစ်မှန်သော ငြိမ်းချမ်းရေးရရှိရေး စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“တိုင်းရင်းသားအားလုံး စည်းလုံးမှုရှိမှ ကျနော်တို့ ဘုံရန်ကကို ကန်ထုတ်လို့ရမယ်၊ ဘုံရန်သူဟာ ကျနော်တို့ကို သွေးခွဲတယ်” ဟု ရပ်ဂေးအဆိုတော် စောဖိုးခွားက ပြောသည်။

ရန်ကုန်မြို့မှာ ကရင်အာဇာနည်နေ့ကျင်းပ၍ နော်အုံးလှနှင့် ကရင်လူငယ်နှစ်ဦးတို့ကို ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ ဖြင့် အောက်တိုဘာလ ၂ ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၁၅ ရက် ချမှတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ယင်းသို့ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

“အာဇာနည်နေ့ကိုလုပ်လို့ ထောင်ချတယ်ဆိုတာဟာ ဒီလက်ရှိ NLD အစိုးရကတော့ တိုင်းရင်းသားတွေအပေါ် ကျေးဇူးကန်းတာ” ဟု ကရင်နီလူငယ်က ဆန္ဒဖော်ထုတ်ရာတွင်ပြောဆိုခဲ့သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...