ကျောက်တော်တွင် တပ်မတော်မှပစ်ခတ်၍ ဒေသခံတစ်ဦးသေဆုံး

ကျောက်တော်တွင် တပ်မတော်မှပစ်ခတ်၍ ဒေသခံတစ်ဦးသေဆုံး
by -
အောင်ထိန်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကာဒီကျေးရွာတွင် ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်တွင် တပ်မတော်မှ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ပစ်ခတ်ခံရသူမှာ အပေါက်ဝကျေးရွာမှ လူချေ(ခ) ဦးစောနိုင် ၄၀ နှစ်ဖြစ်ပြီး ကျောက်တော်မြို့သို့ အလုပ်လုပ်ရန် ဆိုင်ကယ်နှင့်သွားစဉ် ကာဒီကျေးရွာတွင် လုံခြုံရေးယူထားသည့်တပ်မှ ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ကာဒီကျေးရွာမှ အမည်မဖော်ပြလိုသည့် ဒေသခံတစ်ဦးကပြောသည်။

“သေသွားတဲ့သူက ကျောက်တော်ကို အလုပ်သွားတာလို့ သိရတယ်။ ကျနော်တို့ရွာနားက သမဝါယမရုံးနားမှာ အပစ်ခံရတာ။ အဲ့ဒီမှာလုံခြုံရေးချထားတဲ့ စစ်တပ်ရှိတယ်၊ စစ်တပ်ကပစ်တာ” ဟု ကာဒီကျေးရွာသားက ပြောသည်။

ပစ်ခတ်ခံရသူမှာ ကျောက်တော်မြို့ လေးဝတီကားဂိတ်တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ ၎င်းနေထိုင်သည့် အပေါက်ဝကျေးရွာမှ ကျောက်တော်မြို့သို့ နေ့စဉ် နံနက် ၅ နာရီကျော်တွင် အလုပ်လုပ်ကိုင်ရန် သွားနေသူဖြစ်ကြောင်း သိရသည်။

“သူက ကျောက်တော်ကို အလုပ်လုပ်ဖို့ ၅ နာရီကျော်ရင် ပုံမှန်သွားဖြစ်တယ်။ စစ်တပ်က သံသယနဲ့ ပစ်တာ ထင်တယ်” ဟု အပေါက်ဝကျေးရွာမှ အလယ်တန်းပြကျောင်းဆရာ ဦးအောင်ကျော်ဇောက ဆိုသည်။

ပစ်ခတ်မှုဖြစ်စဉ်အား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို DMG မှ ယနေ့ နံနက်က ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ်အတွင်းမှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင် ည ၉ နာရီမှ နံနက် ၅ နာရီအထိ သွားလာခြင်းမပြုရန် ညမထွက်ရအမိန့် ပုဒ်မ(၁၄၄)ကို ထုတ်ပြန်ထားသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...