ကရင် အာဇာနည်နေ့ ကျင်းပသည့်အတွက် တရားစွဲခံရသည့် အမှုသို့ တိုင်းရင်းသားပြည်သူများ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက် ဝန်းရံ

ကရင် အာဇာနည်နေ့ ကျင်းပသည့်အတွက် တရားစွဲခံရသည့် အမှုသို့ တိုင်းရင်းသားပြည်သူများ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက် ဝန်းရံ

ကရင်အမျိုးသား အာဇာနည်နေ့ ကျင်းပသည့်အတွက် အစိုးရက တရားစွဲခံရသည့် နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦး အမှုကို ယနေ့ကျောက်တံတားမြို့နယ် တရားရုံးတွင် အမိန့်ချမည့် ရုံးချိန်းသို့ ကရင်တိုင်းရင်းသား ပြည်သူများက ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလပန်းခြံမှ ပန်းဆိုးတန်းလမ်းမတိုင်း တရားရုံးသို့ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်ဝန်းရံခဲ့ကြသည်။

လာရောက်ဝန်းရံသူ ကေအဲန်ယူ၊ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေးရှုပြီးတော့၊ တဦးနဲ့တဦး သံသယ မပွားရအောင် စဉ်းစား၊ လုပ်ဆောင်ပေးဖို့ ကေအဲန်ယူကိုယ်စားပြောချင်တယ် “ဟု တရားရုံးရှေ့တွင် ဝန်းရံ ပြည်သူများသို့ ပြောကြားခဲ့သည်။

ယနေ့မနက် ဆယ်နာရီ ၄၀ မိနစ်ခန့်အချိန်ခန့်တွင် အမှုရင်ဆိုင်ရန် နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးဖြစ်သူ စောအဲလ်ဘတ်ချိုနှင့် စသိန်းဇော်မင်းတို့ အချုပ်ကားဖြင့် တရားရုံးသို့ရောက်ရှိလာပြီး တိုင်းရင်းသားအခွင့်အရေး တန်းတူရရှိရေး ဒို့အရေး၊ တရားဥပဒေစိုးမိုးရေး ဒို့အရေး စသည်ဖြင့်ကြွေးကြော်ကာ ကရင်အမျိုးသားသီချင်းကို သီဆိုပြီး ကြိုဆိုခဲ့ကြသည်။

ယခုလို နယ်ဝေးကသော်လည်းကောင်း ဒေသအသီးသီးမှ ရောက်ရှိ လာအားပေးသူများကို ကျေးဇူးတင်ကြောင်းနှင့် ငြိမ်းချမ်းစွာ ဝန်းရံ ကြရန်၊ အပြစ်မရှိသည့်အတွက် အမိန့်ချမည့်အပေါ် စိုးရိမ်မှုမရှိကြောင်း၊ ယခုလို အစိုးရက ပြုမူခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရန်အလှမ်းဝေးနေဦးမည်ဟု ပြောလိုကြောင်း တရားစွဲ ခံရသူများကပြောသည်။

ယနေ့ ချီတက်လမ်းလျှောက်ခြင်းနှင့် တရားခွင်သို့ တက်ရနယ်ပယ်စုံမှပြည်သူ ၁,၀၀၀ ဦးခန့် လာရောက်ဝန်းရံနှုတ်ဆက်လျက်ရှိပြီး အမိန့်ချမည့် တရားခွင်ကို မွန်းလွဲပိုင်းတွင် စတင်သွားရန် ရှိကြောင်း တရားရုံးသို့ သတင်းသွားယူနေသည့် ကေအိုင်စီ သတင်းထောက်မှ သတင်းပေးပို့သည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...