ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီကို ဖေဖော်ဝါရီလအတွင်း မှတ်ပုံတင်မည်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီကို ဖေဖော်ဝါရီလအတွင်း မှတ်ပုံတင်မည်
by -
နိရဥ္စရာ
တောင်ကုတ်မြို့တွင် ပြုလုပ်သော အစည်းအဝေးမှ ပါတီထူထောင်ရန် ဆုံးဖြတ်ခဲ့သော ယခင် ANP မှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီဝင်ဟောင်းများသည် သူတို့ထူထောင်မည့် ပါတီကို ဖေဖော်ဝါရီလအတွင်း မှတ်ပုံတင်သွားမည်ဟု သိရသည်။

“ဖေဖော်ဝါရီလအတွင်းလောက်မှာတော့ ပြန်ပြီးတော့ ထူထောင်နိုင်မယ်လို့ ထင်တယ်လေ။ ALD ကို ပြန်ပြီးသွားမယ်ဆိုတာက ကျနော်တို့က ရှေ့မှာ အစဉ်အဆက်နေပြီးတော့ ကျနော်တို့ ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ ALD ဟာ မူဝါဒအရ မမှားပါဘူး။ ALD သမိုင်းဟာ ရှည်ကြာ ခဲ့ပါတယ်။ ALD ရဲ့အရိပ်ကိုခိုပြီးတော့ တချို့တချို့ပေါ့။ အထူးသဖြင့်တော့ နိုင်ငံတကာကို ရောက်သွားတဲ့ ကျနော်တို့ရဲဘော်တွေဟာ ALD အရိပ်ကြောင့် သူတို့တွေရဲ့ ဘဝအခြေအနေတွေက ပြောင်းသွားခဲ့ပါတယ်။ နောက်တစ်ခါ ALD ရဲ့အရိပ်ဟာ ၊ သမိုင်းဟာ တိုင်းရင်းသား နယ်မြေထဲမှာ ကြီးစိုးလို့ အခုထိရှိပါတယ်။ ဒါကြောင့် ALD ကို ကျနော်တို့ ဖျောက်ပစ်လိုက်လို့မရပါဘူး “ဟု ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးမျိုးကျော်က ပြောသည်။

ALD အား မှတ်ပုံတင်နိုင်ရန် ပါတီဝင်ဟောင်းများ၏ တောင်ကုတ်မြို့၌ ဇန်နဝါရီလ ရ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ကျနော်တို့ ဒုတိယတစ်ခေါက်တွေ့ပြီးတော့ ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်ရွေးပြီးတော့ အလံ၊ တံဆိပ်တွေဘက်ကို သွားမယ်။ အချိန် ၂ လလောက် လျာထားထားပါတယ်”ဟုလည်း ဦးမျိုးကျော်က ဆိုသည်။

တောင်ကုတ်မြို့တွင် ၂ ရက်တာပြုလုပ်ခဲ့သည့်အဆိုပါတွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ ALD ပါတီဝင်ဟောင်း ၁ဝဝ ဦးခန့် တက်ရောက်ခဲ့သည်ဟုလည်း သိရသည်။

၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းထူထောင်ခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီသည် ၂ဝ၁၃ ခုနှစ်တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ေရးပါတီ (RNDP)နှင့် ပူးပေါင်းခဲ့သော်လည်း ခေါင်းဆောင်ပိုင်း အားပြိုင်မှုနှင့် သဘောထားကွဲလွဲမှုများရှိခဲ့သည့်အတွက် ယခုကဲ့သို့ ပါတီသစ် ထူထောင်ရန် ဆုံးဖြတ်လိုက်ခြင်းလည်းဖြစ်သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...