တရားစွဲဆိုခံရသည့် ဒေါဆိုရှေးတောင်သူများကို ၅ကြိမ်မြောက် ခေါ်ယူစစ်ဆေး

တရားစွဲဆိုခံရသည့် ဒေါဆိုရှေးတောင်သူများကို ၅ကြိမ်မြောက် ခေါ်ယူစစ်ဆေး

စစ်တပ်မှ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးတောင်သူ ၁၅ ဦးကို ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲဆိုထားရာ ယနေ့ သြဂုတ်လ ၁၃ရက်နေ့တွင် ဒီမော့ဆိုမြို့နယ် တရားရုံးသို့ ၅ ကြိမ်မြောက်ခေါ်ယူစစ်ဆေးသွားသည်ဟုသိရသည်။

တရားစွဲခံရသော တောင်သူ ၁၅ ဦးမှာ ဒီမော့ဆိုမြို့နယ် ဒေါဆိုရှေးကျေးရွာမှ တောင်သူများဖြစ်သည်။ ၎င်းတို့ကို အမြောက်တပ် ၃၆၀မှ ဗိုလ်မှူး ဌေးမြင့်ကျော်က တပ်သိမ်းမြေပေါ်တွင် ဝင်ရောက်ထွန်ယက်လုပ်ကိုင်သည့်အတွက် ပိုင်နက်ကျူးကျော်မှုဖြင့် ပုဒ်မ ၄၄၇ ဖြင့် တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

ယနေ့ရုံးချိန်းတွင် တရားလိုကို စစ်ဆေးမေးမြန်းရာတွင် မိမိကိုယ်တိုင်မြင်ရသည့်ပုံစံမဟုတ်ပဲ၊ တဆင့်ခံတိုင်ကြားခိုင်းသည့်ပုံစံ အနေအထားသို့ မြင်တွေ့ရကြောင်း တောင်သူများအား လရောက်ဝန်းရံသူ ကရင်နီအမျိုးသမီးအစည်းအရုံးမှ မော်ဖရေမြာက အခုလိုပြောပါသည်။

“ဒီနေ့ တရားလိုဖက်က ထွက်ဆိုလိုက်တဲ့အချက်တွေဆိုရင် ပြောရမယ်ဆိုရင် ခိုင်လုံမှုကသိပ်မရှိဘူး ဘာဖြစ်လို့လဲဆိုရင် တရားလိုဖက်က ထွက်ဆိုလိုက်တဲ့ဟာက ဥပမာ- ဆွဲခံရ ဒီ၁၅ယောက်ထဲမှာဆိုလို့ရှိရင် ဘယ်သူဘယ်ဝါမှန်းသူမသိဘဲနဲ့ သူစွဲလိုက်တဲ့ဟာမျိုးဆိုရင်တော့ တရားခံဖက်တော့ အားကောင်းချက်ဖြစ်မှာပေါ့နော်။” ဟု ဆိုပါသည်။

တရားစွဲဆိုခံရသည့် ၁၅ ဦးတွင် အမျိုးသမီး ၅ ဦး နှင့် အမျိုးသား၁၀ဦး ပါဝင်ပါသည်။ ၅ ကြိမ်မြောက် ရုံးချိန်းမှာ တရားလိုကို ဒုတိယအကြိမ်စစ်ဆေးမေးမြန်းပြီး ၆ ကြိမ်မြောက်ရုံးချိန်းကို လာမည့် သြဂုတ်လ ၂၆ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားပါသည်။

ဒေါဆိုရှေ့ရွာမှ တောင်သူများက ဘိုးဘွားစဉ်ဆက်ကပင် လုပ်ကိုင်လာသည့်မြေဖြစ်ပြီး စစ်တပ်က မတရားသိမ်းဆည်းထားခြင်းဖြစ်သည်ဟု တရားစွဲဆိုခံရသူဦးကိုးရီပြောပါသည်။

၎င်းက “ကျတော်တို့ တောင်သူလယ်သမားတွေအနေနဲ့ ယာ၊ ဒီမြေ နှစ်စဉ်နှစ်တိုင်း နှစ်ပေါင်းလည်းမနည်းတော့ဘူး လုပ်ကိုင်စားသောက်လာတယ်။ သူတို့လာနေခဲ့တာ လေးငါးဆယ်နှစ့်ဝန်းကျင်းအတွင်း ကျတော်တို့တောင်သူလယ်သမားတွေရဲ့ မြေယာတွေကို လာလုယူတဲ့သဘောပေါ့နော။”ဟု ပြောပါသည်။

၂၀၀၂-၂၀၀၃ ခုနှစ်မှာ အမတ ၃၆၀တပ် တည်ထောင်သည့် အချိန်မှစပြီး ဒေါဆိုရှေ့တောင်သူများ၏ ဧက ၂၀၀ ဝန်းကျင်ရှိ မြေယာများကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

ထိုနည်းတူစွာပင် လွိုင်ကော်မြို့နယ် ဒေါ်မူကလားကျေးရွာမှ တောင်သူများကိုလည်း စစ်တပ်က ကျူးကျော်ဝင်ရောက်လုပ်ကိုင်သည်ဟုဆိုကာ တရားစွဲဆိုထားသည့် ကိစ္စရပ်များလည်းရှိနေသည်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...