မြေတော်လှန်ရေး

မြေတော်လှန်ရေး

မြန်မာနိုင်ငံနေရာတော်တော်များများတွင် မြေယာပြဿနာဖြစ်နေသည်။ ယခင်ကတည်းက ကယားပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသများတွင် မြေယာနှင့်ပါတ်သက်သည့် ပြဿနာရှုပ်ထွေးမှုရှိနေသည်မှာ ယခုချိန်ထိပါ။

လက်ရှိကယားပြည်နယ်၏ မြေယာသိမ်းဆည်းမှုသည် ပြည်နယ်အတွင်းအကြီးဆုံးပြဿနာတစ်ခုဖြစ်သလို ယခုလိုမိုးတွင်းအချိန်သည် ကယားပြည်နယ်လိုစိုက်ပျိုးရေးကိုအခြေခံပြီး အသက်မွေးဝမ်းကြောင်း ပြုလုပ်သည့် တောင်သူများအတွက် လုပ်ငန်းစချိန်ဖြစ်သည်။

ဒီလိုလုပ်ငန်းစချိန်တွင် တောင်သူများအနေဖြင့် နှစ်စဉ်နှစ်တိုင်းလိုလိုကြုံတွေ့နေရသည်မှာ ကိုယ်ပိုင်မြေတွင် လုပ်ကိုင်ရင်း ကျူးကျော်ဝင်ရောက်လုပ်ကိုင်သည်ဟု ဆိုကာတရားစွဲခံနေရတဲ့ကိစ္စတွေပါ။

ယခုနှစ်၂၀၁၉ခုနှစ်ဇွန်လ၂၁ရက်နေ့ ညသန်းခေါင်းယံ လူအများအိပ်မောကျအချိန်တွင် လွိုင်ကော်ရဲစခန်းမှ ရဲအင်အား(၃၀)ခန့်သည် ဒေါမူကလားရွာတပ်သိမ်းမြေနှင့်ပါတ်သက်ပြီး တောင်သူများထဲမှ(၂)ဦးကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့ကို ပြည်သူပိုင်ပစ္စည်းများကို ဖျက်စီးသည့်အမှု ပုဒ်မ၆(၁)ဖြင့် အမှုဖွင့်တိုင်ကြားထားသည့်အဆင့်ထိ ဖြစ်လာပါသည်။

တောင်သူနှစ်ဦးဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့် ပါတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိပဲ ဒီမိုကရေစီစနစ်ကို ပျက်ပြားအောင်လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ကရင်နီတောင်သူလယ်သမားသမဂ္ဂမှ ၂၂ရက်နေ့ဇွန်လ ၂၀၁၉ နေ့စွဲပါ သဘောထားထုတ်ပြန်ချက်တွင် ဖေါ်ပြပါသည်။

ထို့အပြင်သဘောထားထုတ်ပြန်ချက်တွင် ကယား(ကရင်နီ)ပြည်နယ်အတွင်း ဘိုးဘွားစဉ်ဆက်နှစ်စဉ်နှစ်တိုင်း ထွန်ယက်စိုက်ပျိုးလုပ်ကိုင်လာခဲ့သည့် ဒေါဆိုရှေးကျေးရွာမြေယာကို အမတ(၃၆၀)မှ၎င်း၊ ဒေါမူကလားကျေးရွာ၊ လွိုင်တမူးကျေးရွာ၊ ၃မိုင်ပါကြဲကျေးရွာ၊ မြေနီကုန်ကျေးရွာမြေယာများကိုအမတ(၃၅၆)၊ ခမရ (၂၅၀)မှ၎င်း၊ BEတပ်မှ ၎င်း လာရောက်စိုက်ပျိုးခြင်းခြံစည်းရိုးခတ်ခြင်းများ လုပ်ဆောင်လာသည့်အပြင် ကျေးရွာရှိတောင်သူများအား တရားစွဲဆိုခြင်းများ လုပ်ဆောင်ရန်ပြင်ဆင်လျက်ရှိလာသည်။

စစ်တပ်က ဒေသခံတောင်သူများ၏ မြေယာကိုသိမ်းဆည်းပြီး ဝင်ရောက်စိုက်ပျိုးခြင်း၊ ခြံစည်းရိုးများခတ်ခြင်းနှင့် တရားစွဲဆိုဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းတို့ကို ပြန်လည်သုံးသပ်ပြီး ရပ်တန့်ပေးပါရန် ကရင်နီတောင်သူလယ်သမားသမဂ္ဂမှ တောင်းဆိုကြောင်း သဘောထားထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိတွင်ကယားပြည်နယ်အတွင်း မြေယာနှင့်ပါတ်သက်ပြီး တရားရုံးတွင်အမှုပေါင်း (၅၀)ခန့် တရားရင်ဆိုင်နေရကြောင်း ခူးတူရယ်က၂၆ရက်နေ့ ဇွန်လ၂၀၁၉ခုနှစ်တွင် ပြုလုပ်သည့် ကယား(ကရင်နီ)ပြည်နယ် မြေယာပြသာနာများနှင့် ပါတ်သက်ပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောသွားသည်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...