ရှမ်းမြောက် တာမိုးညဲ မြန်မာစစ်စခန်းကို မြောက်ပိုင်းမဟာမိတ် ဝင်တိုက်

ရှမ်းမြောက် တာမိုးညဲ မြန်မာစစ်စခန်းကို မြောက်ပိုင်းမဟာမိတ် ဝင်တိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မြန်မာစစ်တပ် တာမိုးညဲစခန်းကို မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့မှ သြဂုတ် (၈)ရက် ကြာသပတေးနေ့ည တိုက်ခိုက်ခဲ့ကြောင်း ဆိုပါသည်။

တာမိုးညဲမြို့အနီး အမြင့်ဆုံးတောင်ကုန်းပေါ်ရှိ တပ်မတော် လက်နက်ကြီးစခန်းကို မြောက်ပိုင်းမဟာမိတ် (Northern Alliance) တပ်ပေါင်းစုမှ တအောန်းလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ည ၆နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲသံများကို မိနစ် ၃၀ထိ ဆက်တိုက်ကြားနေရကြောင်း လုံခြုံရေးစိုးရိမ်ရသောကြောင့် အမည်မဖော်လိုသူ ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG ကို ယခုလို ပြောပါသည်။

“ပလောင် (တအောန်း)တပ်ဖွဲ့မှ ဝင်တိုက်တာဖြစ်ပါတယ်။ ပစ်ခတ်သံများ မိနစ် ၃၀ ထိ ကြားနေရတယ်။ အဲဒီ့မှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်ကတော့ လက်နက်ကြီးတပ် ခလရ (၂၉၀) ဖြစ်တယ်လို့သိရတယ်” ဟု သူပြောပြသည်။

ယခု တိုက်ခိုက်ခံရသည့် တာမိုးညဲ တပ်မတော် လက်နက်ကြီးစခန်းသည် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁၀)လက်အောက် တပ်ရင်း (၂) နယ်မြေဖြစ်ကြောင်းကို ရှမ်းပြည်နယ်မြောက်ပိုင်း KIA အရာရှိများမှ သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၄)ဖွဲ့ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် မြန်မာစစ်တပ်နှင့် bilateral နှစ်ဖက် အပစ်ရပ် လက်မှတ်ထိုးရန် လိုလားသော်လည်း အစိုးရနှင့် တပ်မတော် ဘက်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA လက်ခံရန်ကိုပဲ ဖိအားပေးနေသောကြောင့် နှစ်ဖက်တိုက်ပွဲများ ရခိုင်ပြည်နယ်တွင်လည်း ဖြစ်ပွားနေဆဲ ဖြစ်သည်။

August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...
ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...