တိုင်းရင်းသား အားလုံးပါသည့် ညီလာခံတစ်ရပ် ပင်လုံတွင် ရွေးကောက်ပွဲမတိုင်မီ ကျင်းပမည်

တိုင်းရင်းသား အားလုံးပါသည့် ညီလာခံတစ်ရပ် ပင်လုံတွင် ရွေးကောက်ပွဲမတိုင်မီ ကျင်းပမည်
by -
မဇ္ဈိမ
လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားညီလာခံကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်၊ ပင်လုံမြို့နယ်တွင် ကျင်းပသွားမည်ဟု ညီလာခံ ဖြစ်မြောက်ရေး  ကော်မတီ အဖွဲ့ဝင် မမိုင်းမိုင်က မဇ္ဈိမကိုပြောသည်။

မေ ၁၇ နှင့် ၁၈ရက်က ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်ခဲ့သည် တိုင်းရင်းသားလူမျိုး ၁၆ စုတို့၏ ကိုယ်စာလှယ်များ တက်ရောက်ခဲ့သည့် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"ပင်လုံမြို့နယ်မှာလုပ်မယ်။ တိုင်းရင်းသားလူမျိုးအနေနဲ့ ကန့်သတ်ထားတာမရှိဘူး၊ ပြည်နယ်နဲ့ တိုင်းအလိုက် တိုင်းရင်းသားလူငယ်တွေတက်ဖို့အတွက် လုပ်တာမဟုတ်ဘူး၊ တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ လုပ်တာပါ"ဟု ၎င်းကပြောသည်။

ညီလာခံမကျင်းပမီ တိုင်းရင်းသားဒေသအတွင်း လူမျိုးများ၏ တင်ပြချက်များ၊ ဒေသတွင်းအဖြစ်အပျက်များ လူငယ်များ၏ အခြေအနေ၊ အဖြစ်အပျက်များကို ကြိုတင် စာတမ်းပြုစုထားမည်ဖြစ်သည်။

ညီလာခံ ကျင်းပသည့်နေ့တွင် ပြုစုထားသည့် စာတမ်းများကို  လေ့လာပြီး ညီလာခံမှ ဘုံသဘောတူချက်ဖြင့် ဒေသတွင်း လူ့အခွင့်အရေးကိစ္စ၊ လူငယ်နှင့် မှုယစ်ဆေးဝါး၊ လူငယ်နှင့် နိုင်ငံရေး၊ လူငယ်နှင့် ငြိမ်းချမ်းရေးး ခေါင်းစဉ်များဖြင့် ချိတ်ဆက်၍ ဆက်လက် အကောင်အထည်ဖော်မည်ဟု ဆိုသည်။

ထိုညီလာခံမှတစ်ဆင့် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားလူမျိုးများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရစေရန်နှင့် တိုင်းရင်းသားဒေသတွင်း ဖြစ်ပေါ်နေသည့် ပြဿနာများကို ပူးပေါင်းဖြေရှင်းရန်၊ တိုင်းရင်းသားဒေသတွင်း ငြိမ်းချမ်းရေးနှင့် တန်းတူအခွင့်အရေးရရှိရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ် သည်ဟု ဆိုသည်။

မေ ၁၇၊ ၁၈က ပြုလုပ်ခဲ့သည့် အကြိုဆွေးနွေးပွဲတွင် တိုင်းရင်းသားဒေသများအတွင်း စစ်ပွဲများ ရပ်တန့်ရေး၊ လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများကို နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ကာ အဖြေရှာရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် စသည့် အချက်များပါသည့် သဘောထား ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...