ပြည်နယ် အစိုးရက ခွင့်ပြုပါက ဟားခါးတွင် ဟိုတယ် ဆောက်လုပ်မည်

ပြည်နယ် အစိုးရက ခွင့်ပြုပါက ဟားခါးတွင် ဟိုတယ် ဆောက်လုပ်မည်
by -
ခိုနူမ်းထုန်
ပြည်နယ်အစိုးရက ခွင့်ပြုချက်ပေးပါက ခရီးသွားလာသူများအတွက် အဆင်ပြေနိုင်ရန် ချင်းပြည်နယ် ဟားခါးမြို့တွင် ဟိုတယ်တိုးချဲ ့ဆောက်လုပ်ရန် စီစဉ်နေကြောင်း Mahemiah Co-operation Company (MCC) တာဝန်ရှိတစ်ဦးက ဆိုသည်။

“ချင်းပြည်နယ်မှာ ခရီးသည်များ တည်းခိုမည့် တည်းခိုခန်း အခက်အခဲတွေ ရှိတယ်ဆိုတာ အမြဲကြားနေရတယ်။ သက်ဆိုင်ရာတွေက ခွင့်ပြုမယ် ဆိုလို့ရှိရင် ပထမဦးဆုံး ဟိုတယ်ဆောက်ရင်ကောင်းမလားဆိုပြီး သက်ဆိုင်ရာ တာဝန်ရှိ သူတွေနဲ့တွေ့ကြတယ်။  ပြီးတော့ ဒေသခံလူကြီးတွေနဲ့လည်းတွေ့ပြီး သူတို့က အဖက်ဖက်ကနေ အကူအညီတွေ ပေးကြတယ်” ဟု ပူးထောင်ဇာလျန်က ဆိုသည်။

အကယ်၍ အစိုးရက ခွင့်ပြုပါက ဟိုတယ်ဆောက်လုပ်ရန် အသင့်ဖြစ်ပြီဖြစ်ကြောင်း၊ ထိုနောက် ချင်းပြည်နယ်တွင် ဘဏ်လုပ်ငန်းကိုလည်း တည်ထောင်ရန် အစီအစဉ်ရှိကြောင်းနှင့် ဆောက်လုပ်နိုင်သည့် အနေအထားရရှိနိုင်ပါက လူနေအိမ် အဆောက်အဦးများကိုလည်း စနစ်တကျဆောက်လုပ်ပြီး ပြည်တွင်းပြည်ပရှိ ချင်းလူမျိုးများမှ ဟားခါးမြို့တွင် အိမ်ခန်းများ ပိုင်ဆိုင်နိုင်သည်အထိ လုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

ထို ့အပြင် ရန်ကုန်၊ မန္တလေးမြို့များထက် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်များအနက် အဆင်းရဲဆုံး ပြည်နယ် ဖြစ်သည့် ချင်းပြည်နယ်မှာ ကုန်စျေးနှုန်း အမြင့်များဆုံး အနေအထားတွင်ရှိနေသည့် အခြေအနေကိုလည်း ဖြေရှင်းပေးနိုင်ရန် MCC က စီစဉ်နေကြောင်း လည်း သိရသည်။

ချင်းပြည်နယ်မှာ မွေးမြူရေး Permanent Farm ကဏ္ဍတိုးတက်ဖွံ့ဖြိုးရေး၊ ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်အောင်ရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း လုပ်ဆောင် သွားရန်ရှိကြောင်းနှင့် အဆောက်အဦးများ ဆက်လက် ထိန်းသိမ်းရေးများကိုပါ အကောင်အထည်ဖေါ် ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၌ မှတ်ပုံတင်ပြီး ချင်းပြည်နယ်တွင် အခြေစိုက်ကာ လုပ်ငန်းအကောင်အထည်ဖေါ်ရန် စီစဉ်နေသည့် MCC သည် မြန်မာနိုင်ငံတွင်လည်း မှတ်ပုံတင်ထားပြီး ဒေသခံအစိုးရနှင့် ပူးပေါင်း၍ လုပ်ငန်း အကောင်အထည် ဖေါ်ဆောင်ရန် စီစဉ်ခြင်းဖြစ်သည်။

Most read this week

February 25, 2026
အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး...
February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...