ချင်းလူငယ်မူဝါဒ(မူကြမ်း) မြို့နယ်အလိုက် ဖော်ထုတ်နိုင်ရေး Chin Youth Policy Team ဖွဲ့စည်း

ချင်းလူငယ်မူဝါဒ(မူကြမ်း) မြို့နယ်အလိုက် ဖော်ထုတ်နိုင်ရေး Chin Youth Policy Team ဖွဲ့စည်း
by -
ခိုနူမ်းထုန်
ချင်းလူငယ်မူဝါဒ(မူကြမ်း)ကို ချင်းပြည်နယ် မြို့နယ်အလိုက် ဖော်ထုတ်နိုင်ရေးအတွက် အလုပ်အမှုဆောင်အဖွဲ့ Chin Youth Policy Team ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၀-၁၁ အထိ ဖလမ်းမြို့ Youth & Community Center တွင် ပြုလုပ် ကျင်းပသော ချင်းလူငယ်မူဝါဒ(မူကြမ်း) ပေါ်ထွက်နိုင်ရေးနှင့် မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေးအတွက် ချင်းပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ် ရွေးချယ်ခြင်း အကြိုညိုနှိုင်းအစည်းအဝေးတွင် ယခုကဲ့သို့ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

၄င်းအစည်းအဝေး ဆုံးဖြတ်ချက်အရ Chin Youth Policy Team အဖွဲ့ (၆) ဦးကို ရွေးချယ်ခဲ့ပြီး CYPT အဖွဲ့၏ ဦးဆောင်သူအဖြစ် Mai Ni Siang Par, Taang Thang Suan Sian Khal, Salai Thang Loon, Salai Mang Houng, Salai Soe Moe Hein နှင့် Mai Thewe Thewe Win တို့ဖြစ်သည်။ ထို့အပြင် Sub-Team အဖြစ် မြို့နယ်အလိုက် ကိုယ်စားလှယ်တစ်ဦးစီနှင့် ပြည်နယ်ပြင်ပမှ (၅) ဦး စုစုပေါင်း (၁၄) ဦးဖြင့် ဖွဲ့စည်းသွားရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

ယင်း Sub-Team အတွက် မြို့နယ်အလိုက် ကိုယ်စားလှယ်အမည်များကို ဒီဇင်ဘာ (၂၁) ရက်နေ့ နောက်ဆုံးထား ပြီး Chin Youth Policy Team ဦးဆောင်သူများထံ အသိပေးရန် သဘောတူခဲ့ကြ သည်ဟုသိရသည်။

ချင်းလူငယ်မူဝါဒ(မူကြမ်း) ပေါ်ထွက်ရေးအတွက် အကြိုညိုနှိုင်းအစည်းအဝေးကို ချင်းလူငယ် ၂၁ ဦးမှ တက်ရောက်ခဲ့ပြီး Youth Policy အကြောင်းစုံ ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်း အကြိုညိုနှိုင်းအစည်းအဝေးကို ပလက်ဝလူငယ်အဖွဲ့များ ပါဝင်တက်ရောက်နိုင်ခြင်းမရှိခဲ့သော်လည်း အစည်းအဝေးကို အသိ အမှတ်ပြုကြောင်းနှင့် အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို ပလက်ဝလူငယ်များထံ ပေးပို့ပေးရန် နှင့် ပလက်ဝလူငယ်များ၏ သဘောထားအမြင်များကို အမြန်ဆုံး ပြန်လည်အကြောင်းကြား မည်ဟု ဆလိုင်း အောင်ရွှေ က ပြောသည်။

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...