NRPC နှင့် KNPP တွေ့ဆုံဆွေးနွေးမှုတွင် မြေပြင်အခြေအနေ၊ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် တပ်သိမ်းမြေ ကိစ္စများ ဆွေးနွေးမည်

NRPC နှင့် KNPP တွေ့ဆုံဆွေးနွေးမှုတွင် မြေပြင်အခြေအနေ၊ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် တပ်သိမ်းမြေ ကိစ္စများ ဆွေးနွေးမည်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာ (NRPC)တို့သည် ယနေ့ဇူလိုင်လ(၁၇)ရက်နေ့တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာတွင် တွေ့ဆုံမည်ဖြစ်ပြီး ပြည်နယ်၏မြေပြင်အခြေအနေ၊ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ပတ်သက်ပြီး တရားစွဲဆိုခံရမှုများနှင့် တပ်သိမ်းမြေကိစ္စကို အဓိကဆွေးနွေးသွားမည်ဟု KNPP ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက ကန္တာရဝတီတိုင်းမ်ကို ပြောပါသည်။

၎င်းက “အဓိကကတော့ ပြည်နယ်ထဲက မြေပြင်အခြေအနေတွေပေါ့နော။ မြေပြင်အခြေအနေတွေထဲမှာဆိုရင် မြေပြင်ပဋိပက္ခတွေ အဲဒါကိုဆွေးနွေးဖို့ရှိတယ်။ ကြေးရုပ်ကိစ္စပါမယ် ကြေးရုပ်နဲ့ဆက်နွယ်နေတဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေ တရားစွဲဆိုမှုတွေ အဲ့ဒါကို ကျတော်တို့ ပြောဖို့ရှိတယ်။ ပြီးတော့ နောက်တစ်ခုက သိမ်းထားတဲ့မြေယာကိစ္စတွေ အဲ့ဒါတွေကိုလည်း NRPC နဲ့ တင်ပြဆွေးနွေးဖို့ရှိတယ်” ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် မြေပြင်ပဋိပက္ခအခြေအနေနှင့် ပတ်သက်ပြီး အတိုင်းအတာတစ်ခုထိ ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း၊ ကြေးရုပ်ကိစ္စ နောက်ဆက်တွဲ တရားစွဲဆိုမှုများကိုလည်း ဗဟိုအဆင့်မှ ဖြေရှင်းကူနိုင်ရန် တိုက်တွန်းသွားမည်ဟု နဲနယ်ပလိုးက ဆက်ပြောသည်။

KNPP အနေဖြင့် NCA လမ်းကြောင်းပေါ်တွင် ရှိနေပြီး နှစ်ဦးနှစ်ဖက်ချမှတ်ထားသော သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ရွက်လျက်ရှိရာ တင်းမာမှုများ၊ စိန်ခေါ်မှုများကို ဖြေလျှော့နိုင်ရေးအတွက် အစိုးရအဖွဲ့နှင့် ပုံမှန်တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။

ပြည်နယ်အခြေအနေ မတည်ငြိမ်မှုများဖြစ်ပေါ်နေမှုသည် KNPP အနေဖြင့် ဆွေးနွေးပွဲများသို့ သွားသည့်အခါ အဟန့်အတားဖြစ်စေပြီး ဆွေးနွေးမှုက တိုးတက်မသွားဘဲ ပြည်နယ်အရေး ပြဿနာများကို အချိန်ပေးဆွေးနွေးနေရခြင်းကြောင့် ငြိမ်းချမ်းရေးလမ်းစဉ် နှောင့်နှေးနေသည်ဟု နဲနယ်ပလိုးက သုံးသပ်သည်။

နဲနယ်ပလိုးက “ဆွေးနွေးမှုကတော့ NCA လက်မှတ်ရေးထိုးနိုင်ရေးမှာတော့ bilateral ကို တစ်ခါတည်းဆွေးနွေးအကောင်အထည်ဖော်၊ bilateral ကို ခိုင်မာအောင်လုပ်ရာကနေ NCA လက်မှတ်ရေးထိုးနိုင်အောင်လည်း ဆွေးနွေးမယ်။ ဒီကြားထဲမှာ တစ်ဆို့မှုတွေကိုလည်း အဖြေရှာကြမယ် ယုံကြည်မှုတည်ဆောက်ကြမယ်၊ အဲ့လိုအခြေခံပြီးတော့ တစ်နေ့ NCA လက်မှတ်ရေးထိုးနိုင်တဲ့ အခြေအနေကိုရောက်မယ်လို့ မျှော်လင့်ခဲ့တာပေ့ါ။ အဲ့လောက်ကြာမယ်လို့ မမျှော်လင့်ခဲ့ဘူးပေါ့၊ ဒီကြားထဲမှာလည်း မြေပြင်ပဋိပက္ခတွေက ပြန်ဖြစ်တော့ မမျှော်လင့်ဘဲ ဖြစ်လာတော့ ဒီဟာတွေကိုလည်း အချိန်ပိုပေးနေရတော့ ကြန့်ကြာမှုတော့ ဖြစ်စေတယ်ပေါ့” ဟု သုံးသပ်ပြောဆိုသည်။

ပြည်နယ်အရေး၊ မြေပြင်အခြေအနေများ၊ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ တိုးတက်ကောင်းမွန်မည်ဆိုပါက KNPP အနေဖြင့် NCA လက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင်မှုများရှိကြောင်း ၎င်းက မှတ်ချက်ပြုသည်။

ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုတွင် ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရေး ကော်မတီအဖွဲ့ခေါင်းဆောင် ဒုဥက္ကဌ ခူးဦးရယ် ဦးဆောင်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ ဒုဥက္ကဌ ရှေ့နေချုပ်ထွန်းထွန်းဦး ဦးဆောင်သည့်အဖွဲ့တို့မှ တစ်ရက်သာ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...