ဦးထွန်းမင်းအောင်ကို လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် မွန်လွှတ်တော်အတည်ပြု

ဦးထွန်းမင်းအောင်ကို လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် မွန်လွှတ်တော်အတည်ပြု

မွန်ပြည်နယ်အစိုးရအဖွဲ့ တိုးချဲ့ဖွဲ့စည်းခဲ့သော လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတွင် ဝန်ကြီးအဖြစ် ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်အား ဇူလိုင်လ ၁၅ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းတွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

ဦးထွန်းမင်းအောင်က “နိုင်ငံတော်သမ္မတက ခန့်အပ်ပြီးမှအတည်ဖြစ်မယ်၊ အဲဒါပြီးရင် တာဝန်ထမ်းဆောင်ရမှာပေါ့၊ အဲဒီအပေါ်မှာ ဘာပြောချင်လဲဆိုတော့ ကိုယ်စားလှယ်ဘဝတုန်းကလည်း မျက်နှာမူပြီးလုပ်ပေးနေရတာပဲ။ အခုလည်း ဝန်ကြီးဖြစ်သွားရင်း ပြည်နယ်အဆင့်မှာ ဥပဒေအရ ပြည်နယ်လွှတ်တော်အမတ်ပါပဲ” ဟု ဆိုသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ် ၂၆၂ ၊ ပုဒ်မခွဲ (ခ) နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ (၈) ၊ ပုဒ်မခွဲ (ခ) အရ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအင်အရင်းမြစ်ဝန်ကြီးဋ္ဌာနအဖြစ် ဦးထွန်းမင်းအောင်အား ပြည်နယ်ဝန်ကြီးဋ္ဌာနအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန်အတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။

“အခုတစ်ချက်ပြောချင်တာက မဲဆန္ဒနယ်ပြည်သူတွေကို ပြောချင်တာပေါ့။ ဝန်ကြီးတာဝန်ကို ယူရသော်လည်းပဲ မဲဆန္ဒနယ်မြေတွေရဲ့ကိစ္စကို ဒါထက် ပိုပြီးတော့ လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ နောက်ပြီးတော့ ဝန်ကြီးဋ္ဌာနမှ ပေးထားတဲ့တာဝန်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်”ဟု ဦးထွန်းမင်းအောင်က ဆက်ပြောသည်။

အသက် ၄၃ နှစ်အရွယ်ရှိ ဦးထွန်းမင်းအောင်သည် ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာဇာတိဖြစ်ပြီး၊ ပညာအရည်အချင်းမှာ B.Sc (Maths), Dlploma in Hotel and Tourism English, Fellow; Deboer Fellowship for Leadership Program (Kansas,USA) ဖြစ်ပြီး လက်ရှိအချိန်တွင်  မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီတွင် ဥက္ကဌအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်။

သစ္စာစီမံချက်ကိုအကာင်အထည်ဖော်လျှက်ရှိသော NLD အစိုးရအနေဖြင့် ပြည်နယ်အတွင်းရှိ ကျောင်းသူကျောင်းသားများ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများ၊ စက်ရုံအလုပ်ရုံနှင့် ကုမ္ပဏီများတွင်အလုပ်လုပ်ကိုင်သူများ၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးကို ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်သည်ဟု စောင့်ကြည့်လေ့လာသူများက သုံးသပ်သည်။

Photo- မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဖြစ်လာမည့် ဦးထွန်းမင်းအောင်(ညာဘက်လူ) (MNA)

 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...