ကုလအတွင်းရေးမှူးဟောင်းဘန်ကီမွန်းဇူလိုင် ၁ဝ ရက်နေ့က ကော့စ်ဘဇားရှိကူတူပါလောင်ဒုက္ခစခန်းသွားရောက်

ကုလအတွင်းရေးမှူးဟောင်းဘန်ကီမွန်းဇူလိုင် ၁ဝ ရက်နေ့က ကော့စ်ဘဇားရှိကူတူပါလောင်ဒုက္ခစခန်းသွားရောက်

ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းသည် ဇူလိူင် ၁ဝ ရက် ဗုဒ္ဓဟူးနေ့က မြန်မာနယ်စပ်အနီးရှိ ကော့စ်ဘဇားခရိုင်အတွင် ကူတော့ပလောင် ဒုက္ခသည် စခန်းကို သွားရောက်ခဲ့သည်။

၎င်းစခန်းကို သွားရောက်ပြီးနောင် ဘန်ကီမွန်းသည် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် မွတ်ဆလင် ဒုက္ခသည်များ ဘေးကင်း လုံခြုံစွာ အိမ်ပြန်နိုင်ရေး အပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

လက်ရှိတွင် လိုက်လျောညီထွေမှု ကမ္ဘာလုံးဆိုင်ရာ ကော်မရှင်အဖြစ် ဆောင်ရွက်နေသူ ကုလအတွင်းရေးမှူးချုပ်ဟောင်းသည် ဒုက္ခသည်များကြောင့် သူတို့နေထိုင်ရာ အနီးဝန်းကျင်ရှိ သဘာဝပတ်ဝန်းကျင် အကျိုး သက်ရောက်မှုကို ကြည့်ရှုရန် လာရောက်ခဲ့သည်။

မာကျွန်းစု သမ္မတ Hilda၊ ကမ္ဘာဘဏ် CEO Kristalina Georgieva နှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen တို့လည်း ကမ္ဘာအကြီးဆုံး ဒုက္ခသည်စခန်း ကူတူပလောင်သို့ အတူ လိုက်ပါခဲ့ကြသည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှ ရောက်ရှိနေကြသည့် ကလေးငယ်များ အပါအဝင် မွတ်ဆလင်ဒုက္ခသည်များက ဘန်အား တဲစခန်းများမှ ဆီးကြိုခဲ့ကြပြီး ၎င်းမွတ်ဆလင် ဒုက္ခသည်များ ၎င်းတို့၏ နေရပ်ရင်းသို့ ဘေးကင်းလုံခြုံစွာ ပြန်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ အနေဖြင့် ဤမျှ များပြားသော ဒုက္ခသည်များကို ရေရှည်တွင် လက်ခံထားရန် မဖြစ်နိုင်ကြောင်းတို့ကို ဘန်က ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...