မွန်ညီညွတ်ရေးပါတီ MUP မြို့နယ်ရုံးများ ဆက်လက်ဖွင့်လှစ်သွားမည်

မွန်ညီညွတ်ရေးပါတီ MUP မြို့နယ်ရုံးများ ဆက်လက်ဖွင့်လှစ်သွားမည်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ နေ့စွဲဖြင့် မွန်ညီညွတ်ရေးပါတီ MUP ကို ပြည်ထောင်စုတဝန်းလုံးတွင် စည်းရုံးမည့်နိုင်ငံရေးပါတီ မှတ်ပုံတင်အမှတ် ၁၁၇ ဖြင့် ခွင့်ပြုပြီးဖြစ်သည့်အတွက် မြို့နယ်အဆင့်ရုံးများ ဆက်လက်ဖွင့်လှစ်သွားမည်ဟု ဆိုသည်။

MUP တွဲဘက်အတွင်းရေးမှူး(၁) နိုင်လယီတမက “အရင်ဆုံးလုပ်ရမှာကတော့ ၁၉ မြို့နယ်က ရုံးတွေကို ဆိုင်းဘုတ်တင်ပြီး ပါတီရုံးတွေဖွင့်လှစ်မယ်၊ ဗဟိုရုံးကိုလည်း ဆိုင်းဘုတ်အသစ်တင်မယ်၊ ကျေးရွာအဆင့်တွေမှာလည်း ရုံးတွေဆက်ဖွင့်ရမယ်၊ အချို့မြို့နယ်တွေမှာ ကျေးရွာ ၃၀-၄၀ လောက်ရှိတယ်၊” ဟု ပြောသည်။

ယခင်မိခင် ၂ ပါတီမှ ပါတီဝင်ဟောင်းများကိုလည်း လျှောက်လွှာပုံစံသစ်ဖြင့် ပါတီဝင်အသစ် ပြန်လည်လျှောက်ထားရမှာဖြစ်ပြီး ရက်ပေါင်း ၉၀ အတွင်း လာမည့်အောက်တိုဘာလ ၈ ရက်နေ့ထက်နောက်မကျစေဘဲ မြို့နယ်အလိုက်ပါတီဝင်အင်အားစာရင်း ၁၀၀၀ အထက်ကို ကော်မရှင်သို့ ဆက်လက်တင်ပြရမည်ဖြစ်သည်။

“နှစ်ပါတီပေါင်းထားတဲ့စာရင်းတွေအရ ပါတီဝင်အင်အားက တစ်သိန်းကျော်တာပေါ့၊ ဒါပေမယ့် ပါတီအသစ်ဖြစ်လာတော့ အရင်လူဟောင်းရော လူသစ်တွေ ကျေးရွာအဆင့်ပါတီဝင်တွေကိုပါ အားလုံးက ပါတီဝင်အသစ် Form တွေ ပြန်ဖြည့်ရမယ်၊ ကျန်တဲ့ကိစ္စတွေကတော့ အခက်အခဲမရှိလှပါ” ဟု ၎င်းက ဆက်ပြောသည်။  

လက်ရှိ မွန်ညီညွတ်ရေးပါတီတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၆၁ ဦး၊ ဗဟိုကော်မတီဝင် ၁၄၀ ဖြင့်ဖွဲ့စည်းထားပြီး နိုင်တင်အောင် ဥက္ကဌဖြစ်သည်။

မွန်အမျိုးသားပါတီ MNP, မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP, မွန်ကိုယ်စားပြုပါတီတည်ထောင်လိုသူများအဖွဲ့နှင့် အရပ်ဖက်မွန်လူထုအခြေပြုအဖွဲ့အစည်း ခေါင်းဆောင်အချို့တို့ ပေါင်းစည်း၍ မွန်ညီညွတ်ရေးပါတီအဖြစ် အသစ်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ယမန်နှစ် သြဂုတ် ၃၁ ရက်နေ့က မွန်နှစ်ပါတီနှင့် မွန်နိုင်ငံရေးအင်အားစုများ တစ်ပါတီအဖြစ်ပေါင်းစည်းနိုင်ခဲ့ပြီး မွန်ပါတီ Mon Party အမည်သစ်မိတ်ဆက်ပွဲနှင့် ပေါင်းစည်းရေးအခမ်းအနားကို စက်တာဘာ ၂၁ ရက်တွင် တော်ဝင်ဟင်္သာဟိုတယ် Royal Hinther Hotel ၌ ကျင်းပခဲ့သည်။

အလားတူ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် Chin National League for Democrecy ပါတီကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁၁ ရက်နေ့တွင် ပါတီမှတ်ပုံအမှတ် (၁၁၆) ဖြင့် ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။



Photo- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အကြောင်းကြားစာ(Copy)

 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...