အမျိုသမီးပါတီ(မွန်) ဧရာဝတီတိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

အမျိုသမီးပါတီ(မွန်) ဧရာဝတီတိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည်
အမျိုးသမီးပါတီ(မွန်) အလံ(Copy)
အမျိုးသမီးပါတီ(မွန်) အလံ(Copy)

မွန်ပါတီများ ပေါင်းစည်းပြီးဖြစ်သည့်အတွက် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မဲကွဲမည်ကိုစိုးရိမ်သောကြောင့် ဧရာဝတီတိုင်းတွင် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အမျိုးသမီးပါတီ(မွန်) ဥက္ကဋ္ဌ မိသန်းရှင်က ပြောသည်။

“ဒီမှာဝင်ပြိုင်လို့ မွန်ပါတီတွေကျတော့ ကျွန်မတို့ပါလို့ရှိရင် သူတို့ မဲကွဲမယ်ဆိုပြီးတော့ အဲဒီလိုမျိုးဖြစ်နေတဲ့ အနေအထားကျတော့လည်း ကျွန်မတို့ ငြိမ်းချမ်းချင်တာပေါ့နော်။ မွန်ပြည်နယ်မှာ အချင်းချင်းလည်း ပြဿနာမဖြစ်စေချင်လို့ ကျွန်မတို့ ရှောင်ပေးလိုက်တာပါ”ဟု မိသန်းရှင်က ဆိုသည်။

မွန်အမျိုးသားပါတီ(MNP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP) တို့ ယမန်နှစ်က ပူးပေါင်းမှုဆောင်ရွက်နေစဉ်တွင် အတူတကွပေါင်းစည်းရန် ညှိနှိုင်းခဲ့သော်လည်း အမျိုးသမီးပါတီ(မွန်)အနေဖြင့် သီးခြားရပ်တည်လိုသောကြောင့် လက်မခံခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

မိသန်းရှင်က “အမျိုးသမီးပါတီဖြစ်နေတော့ ရှားရှားပါးပါးတည်ထောင်ထားရတယ်ဆိုတော့ ကျွန်မတို့က မဖျက်နိုင်ဘူးပေါ့။ တစ်နေရာကို ရွှေ့ပေးပြီးတော့ ကျွန်မတို့ ဝင်ပြိုင်မှာပါ။ ဧရာဝတီတိုင်းမှာ သွားပြိုင်ဖို့ ကျွန်မတို့ ပြင်ဆင်ထားတာပေါ့”ဟု ပြောသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသမီးပါတီ(မွန်)သည် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောနှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ရေဖြူမြို့နယ်တို့တွင် ၄ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နေရာအားလုံး ရှုံးနိမ့်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမျိုးသမီးပါတီ(မွန်)ကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်တွင်  ပါတီအမှတ်စဉ် (၉၆) ဖြင့် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။

 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...