ယုဇနကုမ္ပဏီ ရွှေတွင်းကြောင့် ဟူးကောင်းဒေသခံများကို ထိခိုက်

ယုဇနကုမ္ပဏီ ရွှေတွင်းကြောင့် ဟူးကောင်းဒေသခံများကို ထိခိုက်

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ ယုဇနကုမ္ပဏီ မတရားသိမ်းပိုက်ထားသော မြေယာတွင် ရွှေတူးဖော်မှုပြုလုပ်နေခြင်းကြောင့် ဒေသခံများကို ထိခိုက်စေကြောင်း ဆိုပါသည်။

Shahtuzup (ရှထိုးဇွပ်)၊ Awng Ra (အောင်ရာ) နှင့် Lawt Ja (လောဒ့်ဂျာ) ကျေးရွာများ နေ့စဉ် သွားလာနေသည့်လမ်းမ တဖက်တချက်ရှိ ပီလောပီနှံစိုကခင်းများအတွင်း ယုဇနကုမ္ပဏီနှင့် လုပ်ငန်းရှင်များ ပူးပေါင်းကာ ရွှေတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်နေသောကြောင့် ရွာသားများ၏ အိမ်မွေးတိရစ္ဆာန်များ ရွှေတွင်းများထဲ ပြုတ်ကျသေဆုံးမှုများ ရှိနေသည်ဟု ဆိုပါသည်။

“အခုသူတို့ ရွှေလုပ်နေတာက ယုဇနကုမ္ပဏီတွေရဲ့ ပီလောခင်းအတွင်းမှာဖြစ်တယ်။ လူကြီးပိုင်းတွေက ဘယ်လိုလုပ်နေကြတယ် ဆိုတာက မသိပါဘူး။ ဒါပေမယ့် အနီးတဝိုက ကျေးရွာ အားလုံးရဲ့ ကျွဲ၊ နွား တွေက အဲ့ထဲမှာပဲ နေကြတာ။ အနီးတဝိုက်မှာက ယုဇနတွေရဲ့ ပီလောခင်းတွေကြီးပဲ။ ကျနော့်နွား ဆိုရင် ဘက်ဟိုးဖြင့် တူးထားတဲ့ တွင်းနက်မှာ ပြုတ်ကျပြီး သေသွားတယ်” ဟု မျက်မြင်သက်သေတွေ့ ကြုံခဲ့ရသော Slg. Tu Ja (ဦးတူးဂျာ)က အဖြစ်အပျက်ကို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ရွှေတူးဖော်ရန် လုပ်ကွက်များကို ယုဇနကုမ္ပဏီမှ တာဝန်ရှိသူများကိုယ်တိုင် သွားရောက်တိုင်းတာ ချမှတ် ပေးနေတာဖြစ်ပြီး လက်ရှိ တွင် ရွှေတူးဖော်သည့်ဧက ၁၀၀ကျော် ရှိသွားပြီ ဖြစ်ကြောင်း ဆက်လက်ပြော ဆိုခဲ့သည်။

လက်ရှိ ပီလောပီနံခင်း စိုက်ပျိုးထားသော တစ်ချို့နေရာတွင်မှာ ရွှေလုပ်ငန်းလုပ်ကိုင်လာသောကြောင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် အစိုးရက လာရောက်ကွင်းဆင်း စစ်ဆေးလိုကြောင်းကို စံပြကျေးရွာ အုပ်ချုပ်ရေးမှူး Slg. Le May Thar (ဦးလယ်မေတား) ပြောပါသည်။

“ယုဇနကုမ္ပဏီ က ပြည်သူတွေရဲ့ လယ်၊ ယာ၊ မြေတွေကိုလည်း သိမ်းယူသွားတယ်။ အခုဆိုရင် ပီလောခင်းတွေမှာ ရွှေတွေပြန်လုပ်နေကြတယ်။ ဒီနေရာတွေက ပြည်သူတွေ လယ်လုပ်လို့ကောင်းတဲ့ နေရာတွေပဲ။ ပြောချင်တာက သက်ဆိုင်ရာ ပြည်နယ်အဆင့်က ကွင်းကွင်းကွက်ကွက် လာရောက်စစ်ဆေးသင့်တယ်” ဟု သူက ဆိုသည်။

၂၀၀၄ ခုနှစ်နောက်ပိုင်းက ဟူးကောင့်ချိုင့်ဝှမ်းဒေသတစ်လျှောက် ဒေသခံပြည်သူများ၏ လယ်ယာမြေများကို ကမ္ဘာ့ကျားထိမ်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်လိုက်ပြီးနောက် ၂၀၀၇ခုနှစ်ကစပြီး ဘေးမဲ့တော သတ်မှတ်ထားသည့် နေရာများတွင် ယုဇနကုမ္ပဏီက ပီလောပီနှံ စိုက်ခင်းများစတင်ပြုလုပ်ခဲ့သည်ဟု ဒေသခံများဆိုပါသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...