ကချင်ဒေသခံ မူးယစ်တိုက်ဖျက်ရေးမှာ UNODC ပူးပေါင်းရန် KNO တိုက်တွန်း

ကချင်ဒေသခံ မူးယစ်တိုက်ဖျက်ရေးမှာ UNODC ပူးပေါင်းရန် KNO တိုက်တွန်း

ကချင်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးမှာ ကုလသမဂ္ဂမူးယစ်နှင့် ပြစ်မှုဆိုင်ရာရုံး UNODC က ဒေသခံများနှင့်ပူးပေါင်း လုပ်ဆောင်သင့်ကြောင်း ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO က တိုက်တွန်းလိုက်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ‘Drug Issues Fact-finding Commission’ အစီရင်ခံစာကို ကြိုဆိုထောက်ခံကြောင်း Kachin National Organization ၏ ဇူလိုင်လ (၅)ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

“UNODC ရဲ့အစီရင်ခံစာကို ကြည့်ရင် သတ်မှတ်ထားတဲ့နေရာအလိုက် ဥပမာ တနိုင်း ဘက်ဆို ဂြိုလ်တုကနေပဲ ကြည့်တယ်။ ဘယ်နေရာမှာ ဘယ်သူစိုက်တယ်ဆိုတာ ပြောနိုင်တာက ဒေသခံတွေပဲ ရှိတယ်။ တိုက်ပွဲနေရာလည်း ဖြစ်တဲ့ အဲဒီဒေသတွေမှာ သူတို့က ဒေသခံတွေနဲ့လည်း အတူတွဲမလုပ်ဘူး။ ဂြိုလ်တုကနေပဲ ကြည့်တယ်ဆိုတာ ဘယ်လို အဖြေမှန် ရမလဲ။ ဒါကြောင့် KIO ထုတ်ပြန်ထားတဲ့ အစီရင်ခံစာက UNODC ထက်ပိုတိကျနေတယ်။ ဒါက ခြားနားချက်တွေ ဖြစ်တယ်။” ဟု လန်ဒန်မြို့ ရှိ KNO အထွေထွေအတွင်းရေးမှူး Layang Hkun Htoi ပြောပါသည်။

မြန်မာအစိုးရနှင့် ကုလသမဂ္ဂမူးယစ်နှင့် ပြစ်မှုဆိုင်ရာရုံး UNODC တို့ ပူးပေါင်းထုတ်ပြန်သည့် ‘Myanmar Opium Survey 2018’ အစီရင်ခံကို ယခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့ပြီး KIO အစီရင်ခံစာကို ဇွန်လမှာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

“တိုက်ပွဲဖြစ်လို့ အစိုးရနယ်မြေ မဟုတ်လို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်သူ့စစ် နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ မူုးယစ်ဆေးဝါး စိုက်ပျိုး ထုတ်လုပ်နေမှုတွေကို ဖုံးကွယ်ပေးနေသလို ဖြစ်တဲ့အတွက် အခုလို ထုတ်ပြန်ထာဖြစ်တယ်။ ပြီးတော့ လူထုမူးယစ်တိုက်ဖျက်ရေးအဖွဲ့၊ KIO တို့နဲ့လည်း လက်တွဲ လုပ်ဖို့ UNODC ကို တိုက်တွန်းကြောင်း” Hkun Htoi က ဆက်ဆိုသည်။

UNODC အပြင် နိုင်ငံတကာ မူးယစ်တိုက်ဖျက်ရေးအဖွဲ့များက ကချင်မူးယစ်တိုက်ဖျက်ရေးလှုပ်ရှားမှုများကို အားဖြည့်ပေးရန်၊ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေး နှင့် ပညာပေးလုပ်ငန်းများကို ကူညီပေးရန် KNO က တောင်းဆိုထားပါသည်။

၂၀၁၄ တွင် ကချင်လူထုကြား ဖွဲ့စည်းထားသော ကချင်လူထု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Pat Japan (PJS) အဖွဲ့ကို ကချင်ပြည်နယ် နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ဖွဲ့စည်းထားပြီး ခရစ်ယာန်အသင်းတော်များက ဦးဆောင်ကာ မူးယစ်ဆေးဝါး တားဆီးရေး ပညာရေး လုပ်ငန်းများကို လုပ်ဆောင်နေပါသည်။

ထို့ကြောင့် UNODC အနေဖြင့် အဆိုပါ ဒေသအကျိုးပြု PJS မူးယစ်တိုက်ဖျက်ရေး စေတနာ့ဝန်ထမ်းအဖွဲ့များနှင့် အတူကွ လက်တွဲ လုပ်ဆောင်သင့်ကြောင်း ထုတ်ပြန်ထားပါသည်။

ကချင်အမျိုးသားများ လွတ်မြောက်ရေးအတွက် KIO နှင့် KNO သည် စစ်ရေး နှင့် နိုင်ငံရေး ပူးပေါင်းလုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာ MOU ကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှာ လက်မှတ်ရေးထိုးခဲ့သည်။

June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...
June 9, 2026
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ...