ဌာနဆိုင်ရာရုံးများရှေ့တွင် ဆန္ဒပြခွင့်မပြု

ဌာနဆိုင်ရာရုံးများရှေ့တွင် ဆန္ဒပြခွင့်မပြု

ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများရှိသည့် လမ်းမပေါ်တွင် အသံတိတ်ဆန္ဒပြခွင့် ပိတ်ပင်ခံရသည့်အတွက် ခွင့်ပြုထားသည့်နေရာတွင်သာ တောင်သူများ သိမ်းဆည်းခံမြေများပြန်ပေးရန် အသံတိတ်ဆန္ဒပြတောင်းဆိုနေကြသည်ဟု ခွင့်ပြုမိန့်တင်ပြလျှောက်ထားသူ ခွန်ဘွယ်မှူးက ပြောပါသည်။

“ကျနော်တို့ နေရာအများကြီးတောင်းထားတယ် ၊ ဒီနေရာပဲရတယ်။ ဒါကတော့ ကျနော်တို့ လက်ရှိ သွားနေတဲ့ နိုင်ငံမှာ ဒီမိုကရေစီနိုင်ငံဆိုတာ ဒါကိုပြောတာလား၊ ဒေသန္တာရအမိန့်နဲ့ ကျနော်တို့ကိုကန့်သတ်တယ်။ တဖက်မှာက ဥပဒေအရ လုပ်ထုံးလုပ်နည်းအရ ဒါတွေမလုပ်ရ ဟိုဟာမလုပ်ရနဲ့ ပိတ်ပင်ထားတယ်။” ဟု ခွန်ဘွယ်မှူးက ပြောပါသည်။

ယနေ့ ဇူလိုင်လ ၈ နေ့တွင် တောင်သူများက ခွင့်ပြုထားသည့် ဖရူဆိုမြို့နယ် ညောင်ဇင်ရပ်ကွက် ၊ ညောင်ဇင်လမ်းထိပ်မှ စပြီး သိမ်းဆည်းခံမြေများ ပြန်စွန့်လွတ်ရန်နှင့် တရားစွဲခံရတောင်သူများပြန်လွှတ်ပေးရန် အသံတိတ် ဆန္ဒပြေတောင်းဆိုနေကြခြင်းဖြစ်ပါသည်။

ငြိမ်းချမ်းစွာ အသံတိတ်စီတန်းလှည့်လည်ရန်အတွက်ကိုမူ ဖရူဆိုမြို့ မီးပွိုင့်မှစပြီး လမ်မတစ်လျှောက်နှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ဈေးရှေ့တွင် တစ်နေရာစီနားပြီး အသံတိတ်ဆန္ဒပြရန်ခွင့်ပြုမိန့်တင်ထားခဲ့သည်ဟု သိရသည်။

သို့သော် ခွင့်ပြုမိန့်မရသည့်အတွက် သတ်မှတ်ပေးထားသည့် ညောင်ဇင်လမ်းမထိပ်မှ လွိုင်ကော်-ဖရူဆို-ဘောလခဲကားလမ်းမအတိုင်း သတ်မှတ်ထားသည့်အထိသာ ဆန္ဒပြ နေကြသည်ဟုသိရသည်။

ဆန္ဒပြသူအများစုမှာ မိမိတို့ တောင်ယာမြေများကို တပ်သိမ်းဆည်းထားသည့်အတွက် လာရောက်ဆန္ဒပြနေကြသူများနှင့် တောင်သူအရေးများလိုက်ပါဆောင်ရွက်ကြသူများ စုစုပေါင်း ၃၀ ခန့်ရှိပါသည်။

လိုက်ပါဆန္ဒဖော်ထုတ်သူ ဒေါဆိုရှေ့ကျေးရွာမှ တောင်သူ ဦးပကူက “ကျနော်တို့ မြေသိမ်းဆည်းခံနေရတဲ့အတွက်ကြောင့်မို့လို့ ဒီနေရာမှာ လိုက်လာတာပါ။ ဒီမြေသိမ်းဆည်းခံရလို့ ပြန်မရရင် လုပ်ကိုင်စားသောက်စရာမရှိတော့လို့ပါ။ ဒီမြေကို မလုပ်စားနိုင်ဘူးဆိုရင် ကျနော်တို့ သားသမီးအနာဂတ်အတွက် ဘာစားကြမလဲ။ ဘာသောက်ကြမလဲပေါ့။” ပြောသွားပါသည်။

၎င်းတို့၏ လက်ထဲတွင် သိမ်းဆည်းမြေများ ပြန်လည်ပေးအပ်ရန်၊ ဖမ်းဆီးထိန်းသိမ်းခံ တောင်သူများ အမြန်ဆုံးလွှတ်ပေးရန်၊ တရားစွပ်စွဲခံရသော တောင်သူများ၊ အမှုမှ ရုပ်သိမ်းပေးရန်၊ ဌာနေတိုင်းရင်းသားတို့၏ အခွင့်အရေးကို အသိအမှတ်ပြုလေးစားလိုက်နာရန် ဆိုသည့်ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြပါသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့တွင် ဒီးမော့ဆိုမြို့ ငွေတောင်ဆည်နှင့် လမ်းခွ တို့တွင်လည်း တောင်သူများက အသံတိတ်ဆန္ဒပြခဲ့ကြသေးသည်။

ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...