ကျောက်တော်မြို့ ကစ္ဆပနဒီ တံတားအနီး မိုင်းပေါက်ကွဲ

ကျောက်တော်မြို့ ကစ္ဆပနဒီ တံတားအနီး မိုင်းပေါက်ကွဲ

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအရှေ့ဘက်တွင် ယနေ့ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပေါက်ကွဲမှုမှာ ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ကစ္ဆပနဒီတံတား အရှေ့ဘက် ဂေါက်ကွင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြိုင်က နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ဦးခင်မောင်ကြိုင်က "အဲဒါက တာဝါတိုင်နားမှာလို့ ပြောပါတယ်။ ပိန္နဲချောင်းက ရာအိမ်မှူးက ပြောတာပါ။ ကျနော်ကလည်း မရောက် ဖြစ်ခဲ့ဘူး။ အခု ရာအိမ်မှူးကို စစ်တပ်က ခေါ်သွားတယ်လို့ သိရပါတယ်။ ဘာဖြစ်လို့ခေါ်သွားတယ်ဆိုတာကို ကျနော်လည်းမသိဘူး” ဟု ပြောသည်။

မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းအားဆက်သွယ်မေးမြန်းရာ မိုင်းတစ်လုံးပေါက်ကွဲခြင်းမှာ မှန်ကန်ကြောင်း၊ ပေါက်ကွဲမှုကို ကျောက်တော်မြို့ထက်မှပင် လူတစ်ချို့ပင် ကြားခဲ့ရကြောင်း ပြောဆိုသည်။

“ ဖြစ်တာက ပိန္နဲချောင်းကျေးရွာနဲ့ နီးတယ်။ ကြောင်စွယ်ဖြူဘက်ကို သွားတဲ့ လမ်းမှာ ပေါက်တယ်လို့ သိရတယ်။ အရပ်သားတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။ ကျောက်တော်မြို့နယ်၊ ပိန္နဲချောင်း ကျေးရွာမှ ရာအိမ်မှူး ဦးအောင်စောသိန်းကို အမှတ် ၃၇၄ တပ်က ခေါ်သွားတယ် လို့တော့ ကြားရတယ်။ ဘာကြောင့် ခေါ်တယ်ဆိုတာတော့ မသိရသေးဘူး။ ရွာက လူတစ်ယောက် လှမ်းပြီး အကြောင်းကြားတာက ၈ နာရီခွဲ ဝန်းကျင် လောက်က ခေါ်ယူ သွားတယ်လို့ ပြောပါတယ်” ဟု ဦးထွန်းဝင်းက ပြောဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့တို့အား နိရဥ္စရာက ဆက်သွယ် မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...