မောင်တောတောင်ပိုင်းတွင် မလေးသွားလှေစီးဒုက္ခသည် ၆ဝ ကျော်ဖမ်းမိ

မောင်တောတောင်ပိုင်းတွင် မလေးသွားလှေစီးဒုက္ခသည် ၆ဝ ကျော်ဖမ်းမိ

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်၊ မောင်တောမြို့နယ်တောင်ပိုင်းတွင် မလေးရှားသို့ တရားမဝင်သွားရောက်သည့် မူဆလင် လှေစီးဒုက္ခသည် ၆ဝ ကျော် ဖမ်းမိကြောင်း သတင်းရရှိသည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်မှ ထိုဖမ်းဆီးမှုကို အတည်ပြုပြောကြားသည်။

“ ကျွန်တော်သိရသလောက်တော့ မနေ့က မနက်ပိုင်း ၅ နာရီလောက်မှာ မြင်းလွတ်ကင်းစခန်းရှေ့မှာ စက်တပ်လှေ တစ်စီးလာတင်တယ်။ တင်တဲ့ အတွက် သွားစစ်တဲ့အခါမှာတော့ လှေသမား ၄ ယောက်တွေ့တယ်။ လှေပေါ်မှာ ပါတဲ့သူတွေတော့မတွေ့ဘူး။ လှေပေါ်မှာပါတဲ့သူတွေကို မတွေ့တဲ့အတွက်လိုက်ရှာတော့ ရွာပျက်တွေမှာ ဝင်ပုန်းနေတဲ့ လူပေါင်း ၆၃ ယောက်ကို ဖမ်းမိပါတယ်” ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် စစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ် သိရှိလိုပါက နယ်ခြားစောင့်မှ တာဝန်ရှိသူများကို မေးပါဟု ပြောကြားသည်။

၎င်းလှေမှာ ဘင်္ဂလာဒေ့ရှ်ဘက်မှ ထွက်ခွာလာပြီး လိူင်းကြီး၍ လှေဗိုက်ပေါက်သွားရာမှ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်ရဲကင်း စခန်းအနီးတွင် လာတင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့တာဝန်ရှိသူများအား ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးသဖြင့် အသေးစိတ် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

(ဓာတ်ပုံမှာ မောင်တောတောင်ပိုင်း တစ်နေရာဖြစ်ပြီး ယခုနှစ်ဇူလိူင် ၂ ရက်နေ့ကရိုက်ထားခြင်း ဖြစ်ပါသည်။)

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...