အမ်းမြို့နယ်ဓာတ်တော်ရွာမှ ခိုင်သုခဆွေမျိုးတစ်ဦးအပါအဝင်လူနှစ်ဦးကို စစ်တပ်ကခေါ်ဆောင်သွား

အမ်းမြို့နယ်ဓာတ်တော်ရွာမှ ခိုင်သုခဆွေမျိုးတစ်ဦးအပါအဝင်လူနှစ်ဦးကို စစ်တပ်ကခေါ်ဆောင်သွား

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဓာတ်တော်ကျေးရွာမှ ရက္ခိုင်တပ်တော် (AA) ၏ ပြောခွင့်ရသူ ခိုင်သုခ၏ ဆွေမျိုးတော်စပ်သူ တစ်ဦးအပါအဝင် လူနှစ်ဦးကို စစ်တပ်မှ မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ယူသွားပြီး ယခုအခါ ၎င်းတို့အား အမ်းမြို့ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သတင်းရရှိသည်။

ဓာတ်တော်ကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ၎င်းက မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ယူသွားကြောင်း နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“ မနေ့က နံနက် ၈ နာရီ ၉ နာရီလောက်မှာ ခေါ်ယူသွားတာပါ။ ကျွန်တော်ဆီကိုတော့ အကြောင်းကြားပါတယ်။ ဒီလူ ဒီလူတွေကို မေးမြန်းစရာရှိတဲ့အတွက် ခေါ်ယူသွားမယ်ဆိုပြီး အဲသလို အကြောင်းတာရှိပါတယ်။ ဘာကြောင့်ခေါ်ယူတယ်။ ဘာကြောင့် မေးမြန်းစရာရှိတယ်ဆိုတာတော့ မပြောပါဘူး။ မေးစရာရှိတယ်လို့ဘဲ ပြောပါတယ်” ဟု ၎င်းက ပြောကြားသည်။

ခေါ်ယူခြင်းခံရသူ ၃ ဦးမှာ ခိုင်သုခ၏ ယောက်ဖတော်စပ်သူ ရွာလယ်ပိုင်းမှ မောင်ဖြူသန်း၊ ရွာထိပ်မှ ဦးစံအောင်ကျော်နှင့် ပေါက်တောမြို့နယ်မှ ဦးရဲဘော်သူတို့ဖြစ်ကြောင်း ၎င်းကအတည်ပြု ပြောကြားသည်။

ဦးမောင်ဖြူသန်း၏ ဆွေမျိုးတော်စပ်သူ တစ်ဦးကလည်း စစ်ဆေးစရာရှိသည်ဟု ဆိုကာ ကားဖြင့် ခေါ်ယူသွားခြင်းဖြစ်ပြီး လောလောဆယ် အမ်းမြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု သတင်းရ၍ မိသားစုများ အမ်းသို့သွားနေကြောင်း ပြောကြားသည်။

အမ်းမြို့မရဲစခန်းမှူးသို့ ယနေ့နံနက် ၉ နာရီခွဲက ဖုန်းဆက်သွယ်ရာ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...