တရုတ်နိုင်င်ငံသား ၈ ဦးကို ထပ်မံ ပြည်နှင်ဒဏ်ပေး

တရုတ်နိုင်င်ငံသား ၈ ဦးကို ထပ်မံ ပြည်နှင်ဒဏ်ပေး

ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုကြောင့် ဖမ်းဆီးထိန်း သိမ်းခံထားရသော တရုတ်နိုင်ငံသား ၈ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေ အရ ဇွန်လ ၂၈ နှင့်၂၉ ရက်နေ့တို့တွင် အသီးသီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် သောကြာနေ့တွင် ၃ ဦး ၊ စနေနေ့ ၅ ဦး စသည်တို့ကို တရုတ်နယ်စပ်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်ဟု ဝိုင်းမော် လူဝန်မှုကြီးကြပ်ဌာနမှ ဆရာ အားဆီ ထံမှ သိရပါသည်။

“ ပြည်နယ်အမိန့်ကျလာတယ်။ ၅ယောက်ကတော့ လ.ဝ.က အမှုနဲ့ သစ်တောအမှု နှစ်မှုရောယှက်ပြီးတော့ဆွဲထားတယ်။ ငွေဒဏ် နဲ့ပဲပြီးသွားတယ်။ လ.ဝ.က တရားသူကြီးချမှတ်ဒါက ဒဏ်ငွေဆောင်မယ်ဆို မြန်မာငွေ ၅သိန်း ဆောင်ရမယ်။ မဆောင်နိုင်ရင် ထောင် ၆ လဆိုတော့။ ငွေနဲ့ပဲဆောင်သွားတယ်။ သစ်တောက တစ် ဦးကို ၃ သိန်းဆောင်ခိုင်း တယ်လို့ ကြားတယ်။ အတိအကျတော့ မသိဘူး။” ဟု ဝိုင်းမော်မြို့နယ် လူဝန်မှုကြီးကြပ်ရေးဌာနမှ ဆရာ အားဆီ ပြောပါတယ်။

တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသော ၈ ဦးအနက် ၃ ဦးမှာ ဇွန်လ ၅ ရက်နေ့ ဆဒုံ စုပေါင်းစစ်ဆေးရေးဂိတ်တွင် အထောက်အထားမပါ ဝင်ရောက်လာသူများ ဖြစ်ပြီး ကျန် ၅ ဦးမှာ အောင်မြေ ၂ ကျေးရွာရှိ သစ်တော်ကြိုးဝိုင်းတွင် တရုတ်သစ်သျှူးငှက်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူများ ဖြစ်သောကြောင့် ထိုသူတို့ကို လ.ဝ.က အမှု နှင့် သစ်တောအမှု တို့ဖြင့် အရေးခံထားရသူများ ဖြစ်သည်ဟု ပြောပါသည်။

ထို့အပြင် သစ်တော်ကြိုဝိုင်းအတွင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မှုနှင့် အထောက်အထားမဲ့နေထိုင်မှု တို့ဖြင့် တရားစွဲဆို ခံရသော နောက်ထပ် တရုတ်နိုင်ငံသား ၄ ဦးကိုလည်း ထိန်းသိမ်းထားသေးကြောင်း သိရပါသည်။

“အခုကျန်နေသေးတဲ့ ၄ ယောက်က ရွှေညောင်ပင်သစ်တောကြိုးဝိုင်းက ၂ ယောက်၊ နမ့်ဝါသစ်တောကြိုးဝိုင်းနဲ့ ညှိတဲ့ ၂ ယောက် အမှုနှစ်မှုနဲ့ရောနေတယ်။ ကျွန်တော်တို့ လဝက အမှုနဲ့တော့ ပြီးသွားပြီ။ ဒဏ်ငွေဆောင်ပြီးသွားပြီ။ ဒါပေမဲ့ သစ်တော်အမှုက မပြီးသေးလို့ ဝိုင်းမော်မြို့နယ်မြို့မရဲစခန်းမှာ ဆက်လက်ထိန်းသိမ်းထားသေးတယ်။” ဟု ဆရာ အားဆီ က ကချင်သတင်းဌာနကို ဆက်ဆိုထားပါသည်။

ထို့အပြင် ဇွန်လ ၃၀ ရက် ယမန်နေ့တွင်လည်း သက်တမ်းကုန်နေထိုင်သည့် တရုတ်အမျိုးသား ၁ ဦးကို ဝါးရှောင်စုပေါင်း စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီး ရမိပြီး လဝက ဥပဒေအရ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ထပ်မံ သိရပါသည်။

လွန်ခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ကလည်း တရားမဝင်နေထိုင်မှုကြောင့် ဖမ်းဆီးခံရသော တရုတ်နိုင်ငံသား ၁၁ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...