ဘူးသီးတောင်မြို့နယ် ဂုပ္ပီတွင် ခမီလူမျိုးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ဘူးသီးတောင်မြို့နယ် ဂုပ္ပီတွင် ခမီလူမျိုးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂုပ္ပီကျေးရွာတွင် စျေးဆိုင်သည် ခမီးလူမျိုးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ပစ်သတ်ခံရပြီး သေဆုံးသွားသူမှာ ဦးသာစံအောင် (၄၅)နှစ်ဖြစ်ပြီး အမည်မသိ လက်နက်ကိုင် တစ်ဦးက ဂုပ္ပီ ဘုန်းတော်ကြီးကျောင်းသို့ ခေါ်ဆောင်ပြီး ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်း၏ ဇနီးဒေါ်ခင်လေးရီ ကနိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဒေါ်ခင်လေးရီက “ဒီနေ့ မနက် ၅နာရီက ဖြစ်တယ်လို့ပြောပါတယ်။ ကျမလည်းမရှိဘူး။ ကျမက ဘူးသီးတောင်မြို့ပေါ်မှာပါ။ ကလေးတွေ ဆယ်တန်း၊ ကိုးတန်းတက်နေတော့ ကျမက သူတို့နဲ့နေတာ။ ကျမအိမ်ရှင်က ကလေးတွေကျောင်းတက်နိုင်ဖို့ အတွက် ငါဒီမှာ ဆိုင်ရောင်းပြီး ကျန်ခဲ့မယ်ဆိုပြီး ဂုပ္ပီမှာ ရောင်းပြီးကျန်ခဲ့တာ။ အခုတော့ အသတ်ခံပြီ သေဆုံးသွားပါပြီ”ဟု သူမကဆိုသည်။

သေနတ်ဖြင့် ပစ်သတ်ခဲ့သူမှာ ဘယ်လက်နက်ကိုင် အဖွဲ့ကဆိုသည်ကို  မသိရကြောင်း၊ သေနတ်ဖြင့် ပစ်သတ်သွားသူမှာ တစ်ဦးတည်းဖြစ်ပြီး လက်ထဲတွင် လက်ပစ်ဗုံးနှင့် သေနတ်ကိုင်ဆောင်ထားသည်ဟု သိရကြောင်း၊ ဘုန်းတော်ကြီး ကျောင်းသို့ ခေါ်ယူပြီး ပစ်သတ်ကာ ၄င်းတို့ဆိုင်အတွင်းမှ ငွေ ကျပ် ၇ သိန်းကျော် ကိုလည်း ယူဆောင်သွားကြောင်း၊ ထိုသို့ ပစ်သတ်ခံမှုအား ကျွန်းပေါက်ရဲကင်းသို့ တိုင်းကြားခဲ့ကြောင်း ဒေါ်ခင်လေးရီက ပြောသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းအား ဘူးသီးတောင်ဆေးရုံသို့ ရင်ခွဲစစ်ဆေးရန် ယူဆောင်လာကြောင်း ၊ ဘုတ်ပေါ်တွင် အတူလိုက်ပါလာကြောင်း သူမက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်အား အသေစိတ် သိရှိရန် နယ်မြေခံ ကျွန်းပေါက်ရဲကင်းသို့ ဆက်သွယ်ရန်ကြိုးစားသော်လည်း  အဆက်သွယ်၍မရရှိခဲ့ပါ

စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...