စစ်တပ်မှ တပ်သိမ်းမြေနေရာတွင် အုတ်တံတိုင်းခတ်ရန် တိုင်များစိုက်ထူနေမှုကို တောင်သူများက ဖယ်ရှား

စစ်တပ်မှ တပ်သိမ်းမြေနေရာတွင် အုတ်တံတိုင်းခတ်ရန် တိုင်များစိုက်ထူနေမှုကို တောင်သူများက ဖယ်ရှား

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါမူကလားကျေးရွာမှ တောင်သူများစိုက်ပျိုးရာ တောင်ယာမြေကို အမတ ၃၅၆ နှင့် ခမရ ၂၅၀ တပ်တို့မှ တပ်သိမ်းမြေအဖြစ် သတ်မှတ်ထားပြီး အုတ်တံတိုင်းခတ်ရန် တိုင်များ စိုက်ထူထားခြင်းကို ဒေသခံတောင်သူများက ဇွန်လ ၂၁ရက်နေ့ နံနက်ပိုင်းတွင် ဖယ်ရှားဖျက်ဆီးလိုက်ကြောင်း သိရသည်။

 “သူတို့ကလည်း ငါတို့မှန်လို့ငါတို့လုပ်တယ် မင်းတို့လည်း မင်းတို့မှန်တာလုပ် ဆိုတော့လည်း တောင်သူတွေကလည်း ဒေါသတွေဖြစ်လာတယ်ပေါ့။ ဒီလိုမှ မကာကွယ်လည်း နည်းလမ်းမရှိတော့ဘူး။ အစိုးရကလည်း ပါဝင်ပြီးတော့ ကြားဝင်စေ့စပ်ပေးတာမျိုးလည်း မရှိလို့လေ။ အဲဒါကြောင့်တောင်သူတွေလည်း ဒီလိုအင်နဲ့အားနဲ့ အားလုံး ဒီလိုလုပ်မှပဲ တစ်ခုခုအဖြေထွက်မလားပေါ့နော” ဟု တောင်သူတစ်ဦးဖြစ်သည့် ဦးရယ်က ပြောသည်။

အုတ်တံတိုင်းများ ဖျက်ဆီးခြင်းနှင့်အတူ “ ဤတောင်ယာသည် မူရင်းပိုင်ရှင်ရှိသည် မကျူးကျော်ရ” စသည့် စာတမ်းများ ပါရှိသည့် ဗီနိုင်းများ စိုက်ထူခဲ့ကြောင်း သိရသည်။

၎င်းတောင်ယာမြေနှင့် ပတ်သက်၍ သက်ဆိုင်သည့် အစိုးရနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များထံတွင် အကြိမ်ကြိမ် စာတင်ထားသော်လည်း တစ်စုံတစ်ရာ ဖြေရှင်းပေးမှု မရှိသေးကြောင်း တောင်သူများက ပြောသည်။

“မထူးတော့ဘူးလေ။ ကျတော်တို့ဘဝက သေတာနဲ့ရှင်တာနဲ့ ဘားမှမထူးတော့ဘူးလေ။ ကျတော်တို့လည်း တောင်ယာတွေလယ်ယာတွေမှ မစိုက်ပျိုးရင်လည်း ဘယ်သူက ကျွေးထားမလဲပေါ့။ တစ်ခုတော့ရှိတယ် မင်းတို့ကို လစာပေးထားမယ် အေးဆေးနေ ဒီမြေ ပြန်မယူနဲ့ဆိုရင် ရတယ်လေ၊ သူတို့ အဲ့မျိုးလုပ်ပေးနိုင်မလား” ဟု ဦးရယ်က ဆက်ပြောသည်။

စစ်တပ်မှ တပ်သိမ်းမြေအဖြစ် သတ်မှတ်ထားသောမြေသည် ကျေးရွာ ၁၁ ရွာမှ တောင်သူပိုင်မြေဖြစ်ပြီး ခန့်မှန်းဧက တစ်ထောင်ကျော်ရှိကြောင်း တောင်သူများထံမှ သိရသည်။

ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...