လီဒိုလမ်းမပေါ် စံပြကျေးရွာတွင် သချိုင်းမြေရရှိရန် တောင်းဆို

လီဒိုလမ်းမပေါ် စံပြကျေးရွာတွင် သချိုင်းမြေရရှိရန် တောင်းဆို

ကချင်ပြည်နယ် ဟူးဟောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းပေါ် စံပြကျေးရွာတွင် ကျေးရွာပိုင် သချိုင်းမြေ လိုအပ်နေကြောင်း ဒေသခံများ တောင်းဆိုနေကြပါသည်။

စံပြကျေးရွာကို ၂၀၀၈ ခုနှစ်တွင် ယုဇနကုမ္ပဏီ စီမံကိန်းဖြင့် ဘန်ကောက်၊ အောင်ရာ၊ လဂျာပါ ၊ နမ်ဆိုင် စသော ကျေးရွာ ၄ ခုဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ ကျေးရွာပိုင် မြေဧကများကို ယုဇနကုမ္ပဏီ သိမ်းပိုက်ထားသည့် ၁၀ စုနှစ် တစ်ခုအကြာ ဒေသခံများအတွက် အရေးတကြီးလိုအပ်နေသော သချိုင်းနယ်မြေ သတ်မှတ်ပေးခြင်းမရှိဟု စံပြကျေးရွာမှ ဦး La Aung မှ ကချင်သတင်းဌာန KNG ကိုပြောဆိုထားပါသည်။

“ကျနော်ကိုယ်တိုင်လည်း ဒီရွာမှာ ၁၀နှစ်ကျော်ရှိနေပါပြီ။ အဓိကတော့ ယုဇနကုမ္ပဏီအနေနဲ့ ၂၀၀၈ ခုနှစ် နောက်ပိုင်း စီမံကိန်းနဲ့ ကျေးရွာမှာ ကျောင်းတွေ လမ်းပမ်းဆက်သွယ်ရေးတွေ တစ်ချို့လုပ်ပေးတာတော့ တွေ့ရတယ်။ ဒါပေမယ့်အများကြီး ထိရောက်တာတော့မရှိဘူး။ ပိုဆိုးတာက ကျေးရွာအတွင်း လူသေရင် မြုပ်ဖို့ သချိုင်းမြေအခုထိ မချပေးသေးဘူး။ ပြသာနာက လူသေရင် ဒုက္ခအရမ်းရောက်တယ်။”ဟုပြောဆိုခဲ့ပါသည်။

ကျေးရွာပိုင်သချိုင်းမြေ မရှိသေးသောကြောင့် လတ်တလော လူသေဆုံးမှုများကို ရှဒူးဇွပ် ခရစ်ယာန်သာသနာပိုင် နယ်မြေတွင် သွားရောက် မြုပ်နှံနေရကြောင်း သိရပါသည်။

စံပြကျေးရွာအတွက် သချိုင်းနယ်မြေ သတ်မှတ်ပေးရန် ယုဇနကုမ္ပဏီတွင် တိုက်ရိုက် တာဝန်ရှိသော်လည်း သက်ဆိုင်ရာအစိုးရဌာနမှလည်း ကူညီပေးရန် လိုအပ်ကြောင်း ပြောဆိုပါသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကို တင်ပြခဲ့ပြီ ဖြစ်သော်လည်း လက်ရှိတွင် ဟူးဟောင့်ချိုင့်ဝှမ်း ဒေသတစ်လျှောက် ဘေးမဲ့တောဧက နှင့် ယုဇနကုမ္ပဏီသိမ်းဆည်းဧကသာရှိနေသောကြောင့် သချိုင်းနယ်မြေသတ်မှတ်ပေးရန် မြေနေရာ မရှိကြောင်း လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနော်ဒီး ထံမှ သိရသည်။

Most read this week

June 15, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု၊ ယူမာကျေးရွာ...
June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...