ရက္ခိုင်နှင့်ချင်းကျောင်းသားများ ရန်ကုန်တွင်တွေ့ဆုံပြီး စစ်ဘေးရှောင်အရေးဆွေးနွေး

ရက္ခိုင်နှင့်ချင်းကျောင်းသားများ ရန်ကုန်တွင်တွေ့ဆုံပြီး စစ်ဘေးရှောင်အရေးဆွေးနွေး

ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)နှင့် ချင်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (တက္ကသိုလ်များ-ရန်ကုန်) အမှူးပြုသော ချင်းကျောင်းသားလူငယ်အဖွဲ့အစည်းများ၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ ပါရမီလမ်းရှိ Chin Center of Peace and Reconciliation (CCPR) တွင် ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

၎င်းဆွေးနွေးပွဲသို့ ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ ကိုယ်စားလှယ် ၅ ဦးနှင့် ချင်းတက္ကသိုလ်ကျောင်းသား ၁၅မှ ၂ဝ  ဦးခန့် တက်ရောက်ခဲ့သည်။

တွေ့ဆုံပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) ပြောရေး ဆိုခွင့်ရှိသူ ကိုကျော်စွာလင်းက “ အဓိက တွေ့ဆုံကြတဲ့ အကြောင်းအရာက ပလက်ဝနဲ့ ပတ်သက်ပြီးတော့ ချင်းလူမျိုးတွေ ခံစားနေရတဲ့ ခံစားချက်တွေ၊  ဒုက္ခရောက်နေမှုတွေကို  နားထောင်ပြီး သူတို့ အမြင်လွဲနေတာတွေ၊ သံသယတွေရှိရင်  ကျွန်တော်တို့ ကြားကနေ ဖြေရှင်းပေးမယ်။ သူတို့ နည်းနည်း အမြင်ရှင်းအောင် ကြားကနေ ဆွေးနွေး နားထောင်ပေးတဲ့ သဘော ဖြစ်ပါတယ်။ အဓိကတော့ သူတိုရဲ့ အသံကို နားထောင်ပေးတဲ့ သဘောပါ” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ယခုဆွေးနွေးပွဲမှာ အလွတ်သဘော တွေ့ဆုံပွဲ ဖြစ်သဖြင့် သီးသန့် သဘောတူညီချက်များ မချမှတ်နိင်ခဲ့သေည်လည်း ဆက်တိုက် ဆွေးနွေးပွဲများ ပြုလုပ်ရန် သဘောတူညီခဲ့ကြသည်ဟု ၎င်းက ပြောဆိုသည်။

“  ဆွေးနွေးပွဲမှာ အလွတ်သဘော ဆွေးနွေးပွဲတွေ ဆက်တိုက် ပြုလုပ်သွားဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပြင်  ပလက်ဝမြို့နယ် အတွင်းက ဒုက္ခသည်တွေ၊ အထူးသဖြင့် ခမီနဲ့ ချင်း ဒုက္ခသည်တွေအရေး ပူးပေါင်း ဖြေရှင်းရေး ကိစ္စ၊ ချင်းကျောင်းသားနဲ့  ရခိုင်သား ပူးပေါင်းပြီး ဒုက္ခသည် ကယ်ဆယ်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြပါတယ်” ဟု ကိုကျော်စွာလင်းက ပြောကြားသည်။

ယခုဆွေးနွေးပွဲသည် ချင်းပြည်နယ် ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာ့ တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ချင်းမျိုးနွယ်စုဝင်များ အရေးနှင့် စပ်လျဉ်းပြီး ပထမဆုံးဆွေးနွေးပွဲ ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...