ကယားပြည်နယ်အတွင်း ၄၇ ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိ

ကယားပြည်နယ်အတွင်း ၄၇ ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိ

အခြေခံပညာဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရသည့် ကျောင်းဦးရေစာရင်းတွင် ကယားပြည်နယ်မှာ ၄၇ ကျောင်း ပါဝင်ကြောင်း ကယားပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဦးစောအယ်ဒိုဝါး ထံမှ သိရသည်။

“ကျောင်းအဆင့်တိုးတယ်ဆိုတာက အတန်းတိုးတာပေါ့နော အထကခွဲကနေ အထကဖြစ်သွားတဲ့ဟာက ပြဿနာမရှိဘူး နဂိုကတည်းက ဆယ်တန်းအထိ ရှိတယ်။ ကျတော်တို့က ဆရာဦးရေတွေပဲ တိုးရမှာပေါ့” ဟု ဦးစောအယ်ဒိုဝါးက ပြောသည်။

အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်သည့်ကျောင်းမှာ လွိုင်ကော်မြို့နယ်ရှိ အထက(ခွဲ)ချိကယ်၊ ဒီမော့ဆိုမြို့နယ်ရှိ အထက(ခွဲ)ငွေတောင်နှင့် အထက(ခွဲ) ဒေါရောက်ခူ စသည်ဖြင့် ကျောင်း ၃ ကျောင်း ပါဝင်ပြီး၊ အထက်တန်းကျောင်း(ခွဲ)တွင် လွိုင်ကော်မြို့နယ်ရှိ အလက(နန့်ကွတ်) နှင့် ဒီမော့ဆိုမြို့ရှိ အလက(ဒေါတမကြီး) စသည်ဖြင့် ကျောင်း ၂ ကျောင်း ပါဝင်သည်။

အလယ်တန်းကျောင်းအဖြစ် ဒီမော့ဆိုမြို့နယ်ရှိ အလက(ခွဲ)လီဝိုး၊ အလက(ခွဲ) ပန်ပက်၊ အလက(ခွဲ) ရွှမ်းကူ၊ ဖားဆောင်းမြို့နယ်ရှိ အလက(ခွဲ)ဝမ်အောင်း၊ ဘောလခဲမြို့နယ်ရှိ အလက(ခွဲ) ဝမ်ဗလ နှင့် မယ်စဲ့မြို့နယ်ရှိ အလက(ခွဲ)ကျောက်စု စသည်ဖြင့် ကျောင်း ၆ ကျောင်းပါဝင်ကြောင်း သိရသည်။

“ဆရာဦးရေကတော့ အထက်တန်းကျောင်းတွေက နိုင်ငံတော်ကနေ ကျတော်တို့ကို ခွင့်ပေးမှပဲ ပေးလို့ရတယ်လေ။ ဥပမာဆိုပါစို့ အကထခွဲ ဒေါရောက်ခူ လက်ရှိက အထက်တန်းပြ ၉ဦးဆိုပါစို့ အခု အထက ဖြစ်သွားပြီဆိုရင်တော့ ၁၂ဦးဖြစ်သွားမယ်။ ၁၂ဦးဖြစ်သွားမယ်ဆိုရင်တော့ ၃ဦးကိုတော့ စောနကပြောသလို နောက် သူတို့ခေါ်တဲ့အချိန်မှာ ထပ်တိုးမယ်” ဟု ဦးစောအယ်ဒိုဝါးက ဆက်ပြောသည်။

ထို့ပြင် အလယ်တန်းကျောင်း(ခွဲ)အဖြစ် ဒီမော့ဆိုမြို့နယ်ရှိ မူလွန်(ကွယ်သောဒေါ)၊ မူလွန်(ဒေါဖု)၊ မူလွန်(တနီးလာလဲ)၊ မူလွန်(လိုပူဒေါဆီးအီ)၊ မူလွန်(လိုပူ)၊ မူလွန်(ဒေါတငူးရှေ့) နှင့် ဖရူဆိုမြို့နယ်ရှိ မူလွန်(ခါးဘယ်) စသည်ဖြင့် ကျောင်း ၇ ကျောင်း ပါဝင်သည်။

မူလတန်းလွန်ကျောင်းအဖြစ် လွိုင်ကော်မြို့နယ်ရှိ အမက(နန့်ဘော်ဝမ်(ခါး))၊ အမက(ဒေါတနော)၊ ဒီမော့ဆိုမြို့နယ်ရှိ အမက(ဝီသဲကူး)၊ ဖရူဆိုမြို့နယ်ရှိ အမက(ကလိလျား)၊ အမက(ခေါသခေါ)၊ အမက(ရာဧပရား)၊ အမက(ဖူးကရားခူ)၊ အမက(ဒေါခရောခူ)၊ အမက(ထိုခွီဆို)၊ အမက(ဆိုလျားကူး)၊ ဖားဆောင်းမြို့နယ်ရှိ အမက(ခဲမဖြူရပ်ကွက်-၂)၊ အမက(ပါပု)၊ ဘောလခဲမြို့နယ်ရှိ အမက(ဒေါစဲခူ) စသည်ဖြင့် ကျောင်း ၁၃ ကျောင်း ပါဝင်ကြောင်း သိရသည်။

မူလတန်းကျောင်း(ခွဲ)အဖြစ် ဒီမော့ဆိုမြို့နယ်ရှိ ကအက(ဆီးသင်းကုန်း)၊ မယ်စဲ့မြို့နယ်ရှိ အကအ(မြို့သစ်) နှင် လွိုင်ကော်မြို့နယ်ရှိ အကအ(နန်းလွှာ) စသည်ဖြင့် ကျောင်း ၃ကျောင်းအပြင် အမကကျောင်းအဖြစ် ကျောင်း ၁၃ကျောင်း ပါဝင်ကြောင်း မြန်မာနိုင်ငံ အခြေခံပညာဦးစီးဌာန၏ စာရင်းဇယားအရ သိရသည်။

ယခုလို့ တိုးမြင့်သွားသည့်အတွက်လည်း ဒေသခံကျောင်းသူ/သားများ ရပ်ဝေးရွာဝေးသို့ သွားတက်နေရသည့် ဒုက္ခမျိုးမရှိတော့ကြောင်း ၊ တဖက်မှာလည်း လက်ရှိအခြေအနေတွင် ကျောင်းသားလူဦးရေနည်းနေသေးသည့် အတွက် လိုအပ်သည့် ကျောင်းဆရာ/မများကို တောင်းဆိုရန် အခက်အခဲရှိနေသေးကြောင်း အလက(ခွဲ)ဖြစ် တိုးမြင့်သွားသည့် ဒီးမော့ဆိုမြို့နယ်မှ ဒေါတငူး(ရှေ့)ကျောင်းအုပ်ဆရာ ဦးသန်းထိုက်အောင်က ပြောပါသည်။

“ခုလောဆယ် ကျောင်းမှာ ကျောင်းသားကနည်းတော့ ဆရာ ဆရာမတွေ တောင်းဖို့အခက်အခဲရှိတယ် အလက(ခွဲ)ဖြစ်လာတော့ လာမယ့်စာသင်နှစ်မှာ ဆရာ ဆရာတွေ ထပ်ရမယ်လို့ မျှော်လင့်တယ်ပေါ့။ အဲဒါပဲ စောင့်ရင်းနဲ့ပဲ ကျောင်းမှာရှိတဲ့ဆရာ ဆရာမတွေရယ် ရပ်ရွာရဲ့ပံ့ပိုးမှုနဲ့ပဲ သင်ကြားရေးအောင်မြင်အောင် ဆက်လုပ်သွားမှာပေါ့။” ဟု ဦးသန်းထိုက်အောင်က ပြောပါသည်။

လက်ရှိတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် အဆင့်တိုးမြှင့်ခွင့်ရသည့်အထဲတွင် ကယားပြည်နယ်မှ ကျောင်းများလည်း ပါဝင်သောကြောင့် ပြည်နယ်ပညာရေးမှူးအနေနဲ့ ကျောင်းဆရာ၊ဆရာမများကို စီစစ်ခန့်ထားမည်ဟု ဦးစောအယ်ဒိုဝါးက ပြောသည်။

၎င်းက “လောလောဆယ်တော့ နဂိုကတည်းက ရှိတဲ့ ဆရာ၊ ဆရာမတွေပဲ ခန့်ထားတာရှိသေးတယ်။ ထပ်ခန့်မယ့်ဟာက အခြေခံပညာရေးဝန်ကြီးဌာနကနေ ခွင့်ပြုချက်ပေးလာခါကျမှပဲ ထပ်ခန့်လို့ရပါမယ်” ဟုပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင်လည်း ယခင်နှစ်နည်းတူ ကျောင်းသား/သူအတွက် ကျောင်းသုံး ပြဌာန်းစာအုပ် (၁)စုံ၊ Grade 1 မှ Grade 5 အထိ ကျောင်းသားတစ်ဦးကို ဗလာစာအုပ် ၁ဒါဇင် အခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...