ဖမ်းဆီးစစ်ဆေးခံရစဉ်သေဆုံးသွားတဲ့ ဦးသိန်းထွန်းစိန်ရဲ့ ဇနီးဖြစ်သူ ဒေါ်အလှနဲ့ အင်တာဗျူး

ဖမ်းဆီးစစ်ဆေးခံရစဉ်သေဆုံးသွားတဲ့ ဦးသိန်းထွန်းစိန်ရဲ့ ဇနီးဖြစ်သူ ဒေါ်အလှနဲ့ အင်တာဗျူး

ရက္ခိုင့်တပ်တော်(အေအေ)နဲ့ဆက်စပ်ပြီး တပ်မတော်ကနေ သံသယနဲ့ဖမ်းဆီးစစ်ဆေးခဲ့တဲ့ မြောက်ဦးမြို့နယ်က လက္ကာ ကျေးရွာသား ၂၇ ဦးမှာ စစ်ကြောရေးကာလအတွင်း ၃ ဦး သေဆုံးသွားခဲ့ပါတယ်။

စစ်ကြောရေးကာလအတွင်း သေဆုံးသွားသူ ၃ ဦးဟာ ရောဂါကြောင့်တစ်ဦး၊ ကြိုးဆွဲချသေဆုံးသူတစ်ဦးနဲ့ မူးယစ်ဆေးဝါး သုံးစွဲပြီး ဆေးပြတ်သေဆုံးသွားသူတစ်ဦးတို့ဖြစ်တယ်လို့ တပ်မတော်နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က ပြောဆိုထားပါတယ်။ အခုလို သေဆုံးသွားတဲ့ လက္ကာကျေးရွာသား ၃ ဦးရဲ့ ရုပ်အလောင်းတွေကို မိသားစုကတွေ့ခွင့်မရဘဲ သဂြိုဟ်လိုက် တာကြောင့် တပ်မတော်နဲ့ ပြည်နယ်အစိုးရရဲ့ပြောဆိုချက်အပေါ် မိသားစုတွေအနေနဲ့ အယုံအကြည်မဲ့နေကြပါတယ်။

ကျန်ရှိနေတဲ့ လက္ကာကျေးရွာသား ၂၄ ဦးကို မေလ ၁ ရက်နေ့မှာ တပ်မတော်ကနေ ရဲတပ်ဖွဲ့ကိုလွှဲပြောင်းပေးခဲ့ပြီး စစ်တွေမြို့နယ် အမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာက သံသယရှိသူ ၂၇ ဦးကို တပ်မတော်က ဘယ်လိုဖမ်းဆီးခဲ့တာလဲ၊ စစ်ကြောရေးကာလ အတွင်း သေဆုံးသွားတဲ့အပေါ် သေဆုံးသူတွေရဲ့မိသားစုဝင်တွေက ဘယ်လိုအမြင်မျိုးရှိလဲ။ ဒီအကြောင်းကို လက္ကာကျေးရွာက ဖမ်းဆီးစစ်ဆေးခံရစဉ်သေဆုံးသွားတဲ့ ဦးသိန်းထွန်းစိန်ရဲ့ ဇနီးဖြစ်သူ ဒေါ်အလှကို Development Media Group ရဲ့ သတင်းထောက်သက်နိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

https://www.facebook.com/dmgnewsagency/videos/935556306830350/

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...