ရေယာဉ်များတွင် ခရီးသည်အဆမတန်တင်ဆောင်မှု ကြပ်မတ်သွားမည်

ရေယာဉ်များတွင် ခရီးသည်အဆမတန်တင်ဆောင်မှု ကြပ်မတ်သွားမည်

ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ရေယာဉ်များတွင် ခရီးသည်များအဆမတန်သယ်ဆောင်ခြင်းများ မပြု လုပ်ကြရန် စိစစ်ကြပ်မတ်သွားမည်ဟု ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က DMG ကိုပြော သည်။

“ ကျနော်တို့အစိုးရအနေနဲ့ကတော့ အရေးယူမယ့်အပိုင်းကို အစည်းအဝေးလုပ်ပြီး ပြောတာတော့ မရှိပါဘူး။ ဒါပေမဲ့စိစစ်ကြပ်မတ်ပြီးတော့ ဒီခရီးသည်တွေကို အများမတင်ဖို့ လုပ်ဆောင်ပေးမှာပေါ့။ အရေးယူမယ်မယူဘူးဆိုတာကို ပြောလို့မရသေးဘူးပေါ့။ နောက်တစ်ခုက သူတို့အဲဒီစီစစ်ကြပ်မတ်မှုကို လက်မခံဘူးဆိုရင်တော့ တစ်မျိုးပေါ့ ”ဟု ဦးဝင်းမြင့် ကပြောသည်။

အဆိုပါကိစ္စများကို အုပ်ချုပ်ရေးပိုင်းများနှင့်ရေကြောင်းပို့ဆောင်ရေးအဖွဲ့များက ပူပေါင်းပြီး ခရီးသည်များ အန္တရာယ် မဖြစ်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း  ၎င်းကဆက်လက်ဆိုသည်။

“ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ကြီးကြပ်နေတာတော့တွေ့တယ်။ ကြီးကြပ်ဖို့တော့ ကျနော်တို့အဖွဲ့က ညွန့်ကြားထားတယ်ပေါ့နော်”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ရက်နေ့က ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ထွက်ခွာမည့် ရွှေပြည်တန်အမြန်ယာဉ်တွင် သတ်မှတ်ထားသည့် ခရီးသည်ထက် ပိုမိုတင်ဆောင်သောကြောင့် ခရီးစဉ်ကို အာဏာပိုင်အဖွဲ့ကရပ်တန့် ခဲ့ရသည်။

၎င်းရေယာဉ်တွင် သတ်မှတ်ထားသည့်ခရီးသည်ထိုင်ခုံများထက်  ထိုင်ခုံ ၆၀ ကျော်ခန့်ပိုနေသည်ဟု  ရေယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ခရီးသည်များ အန္တရာယ်ကင်းရှင်းရေးအဖွဲ့မှ သွားရောက်စစ်ဆေး ခဲ့ရာတွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းနေ့တွင် ရေယာဉ်ထွက်ခွာခြင်းမပြုသောကြောင့် လိုက်ပါမည့် ခရီးသည်များမှာ အခက်အခဲများဖြစ်ပေါ်ခဲ့ပြီး နောက်နောင်တွင် ခရီးသည်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် သက်ဆိုင်ရာမှ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ပေးရန်လည်း ခရီးသည်များက တောင်းဆိုခဲ့ကြသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...