မွန်ပြည်သစ်ပါတီဖမ်းဆီးမိခဲ့သော မူးယစ်ဆေးဝါးလက်ဝယ်ကိုင်ဆောင်သူ ၈ ဦးအနက် တပ်မိသားစုဝင်တစ်ဦးကို ရဲစခန်းသို့လွှဲပြောင်း

မွန်ပြည်သစ်ပါတီဖမ်းဆီးမိခဲ့သော မူးယစ်ဆေးဝါးလက်ဝယ်ကိုင်ဆောင်သူ ၈ ဦးအနက် တပ်မိသားစုဝင်တစ်ဦးကို ရဲစခန်းသို့လွှဲပြောင်း

မုဒုံမြိုံ့နယ် အဘစ်-ခလယ် တံခွန်တိုင်ကားလမ်းမပေါ်၌ ပြီးခဲ့သည့်မတ်လအတွင်း မွန်ပြည်သစ်ပါတီ ဖမ်းဆီးထိန်းသိမ်းခဲ့သော မူးယစ်ဆေးဝါးလက်ဝယ်ကိုင်ဆောင်သူ ၈ ဦးအနက် တပ်မတော်မိသားစုဝင်တစ်ဦးကို မုဒုံမြို့မရဲစခန်းသို့ ယနေ့နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်လိုက်ကြောင်း တွေ့ရှိရသည်။

ကမာဝက်မြို့အခြေစိုက် ခမရ ၂၀၉ မှ တပ်မိသားစုဝင် “အာကြီး” (အသက် ၂၂ နှစ်) နှင့်အတူ သက်သေခံ စိတ်ကြွဆေးပြား ၁၁၆ ပြားကိုလည်း မုဒုံမြို့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးမှတဆင့် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ မုဒုံမြို့နယ်ဥက္ကဌ နိုင်ရာဇာက သတင်းမီဒီယာများကို ပြောသည်။

“တရားခံက ခမရ ၂၀၉ က မိသားစုဝင်တစ်ဦး ဖြစ်နေတော့ သူတို့တပ်ဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူသွားဖို့ တာဝန်ရှိသူတွေကို တရားဝင် လွှဲပြောင်းလိုက်တာပါ” ဟု နိုင်ရာဇာက ပြောသည်။

အဆိုပါမူးယစ်ဆေးဝါးဖမ်းဆီးခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ NMSP(မွန်) အဖွဲ့အနေဖြင့် NCA သဘောတူစာချုပ်ပါ သတ်မှတ်နယ်မြေကျော်လွန်၍ လက်နက်ကိုင်ဆောင်သွားလာခွင့်မပြုရေး၊ နယ်ဘက်ဆိုင်ရာကိစ္စရပ်များတွင် ဝင်ရောက်မစွက်ဖက်ရေး၊ ဖမ်းဆီးထားသူများအား ဥပဒေအရ အရေးယူနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့ အမြန်အပ်နှံဆောင်ရွက်သွားရန်နှင့် အဆိုပါလုပ်ရပ်အား ကန့်ကွက်ကြောင်း ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် စာရေးသားပေးပို့ခဲ့သည့်မိတ္တူတစ်စောင် မွန်သတင်းအေဂျင်စီက လက်ခံရရှိထားသည်။

မုဒုံမြို့နယ် ရဲမှူး မိုးလွင်ဦးက “ဒီလို အပ်နှံပေးတဲ့အတွက် ကျနော်တို့က ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ စနစ်တကျ လွှဲအပ်လက်ခံလုပ်ပါတယ်။ အခု သူတို့ အပ်နှံထားတဲ့ တရားခံကိုလည်းဆေးစစ်ပြီးတော့ ရဲလုပ်ငန်းပြီးစီးရင် မနက်ဖြန်ကျရင် ထောင်ချုပ်ကိုပို့မယ်” ဟု ပြောသည်။

လက်ရှိတွင် တရားခံဟုယူဆရသူ “အာကြီး” ဆိုသူအား ကမာဝက်မြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပုဒ်မ ၁၉ (ဃ) ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူထားသည်ဟု သိရသည်။

 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...