ရှမ်းမြောက် နမ္မတူမြို့နယ်အတွင်း အစိုးရတပ် နှင့် KIA တိုက်ပွဲ စတင်ဖြစ်ပွား

ရှမ်းမြောက် နမ္မတူမြို့နယ်အတွင်း အစိုးရတပ် နှင့် KIA တိုက်ပွဲ စတင်ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း မြန်မာအစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ယနေ့ နံနက်ပိုင်းမှ တိုက်ပွဲ စတင်ဖြစ်ပွားလာကြောင်း ဒေသခံများမှ သိရသည်။

နမ္မတူမြို့တောင်ဘက် KIA တပ်မဟာ (၄) လက်အောက် တပ်ရင်း(၈) နယ်မြေကို တပ်မတော် တပ်မ (၉၉) စစ်ကြောင်း နမ္မတူမြစ် (မြစ်ငယ်မြစ်)ကူးဝင်လာခြင်းကြောင့် KIA တပ်ရင်း(၈) ခုခံတိုက်ခိုက်ရာမှ အချိန် ၁နာရီကျော် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

“နမ္မတူမြစ်တဖက်ကမ်း KIA တပ်ရင်း(၈) စစ်သင်တန်းကျောင်းရှိရာသို့ တပ်မ (၉၉)စစ်ကြောင်း ကူးဝင်လာလို့ Na Hkyem ကျေးရွာအနီး Dun Kyeng နဲ့ Tung Hkam ကြား ဒီကနေ့ မနက် ၇နာရီမှ ၈နာရီခွဲချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်” ဟု သက်ဆိုင်ရာ နာမည်မဖော်လိုသူ KIA အရာရှိတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

လာမည့်အပတ် ဧပြီလ (၃၀)ရက်နေ့ KIO နှင့် မြန်မာအစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တို့ မူဆယ်မြို့မှာ bilateral အပစ်ခတ်ရပ်စဲရေးကိစ္စ တွေ့ဆုံဆွေးရန် စီစဉ်ထားပါသည်။

၎င်းမတိုင်ခင် တပ်မတော်က ရှမ်းပြည်မြောက်ပိုင်းရှိ KIA စခန်းများကို ဧပြီလ (၁၈)ရက်မှစပြီး ထိုးစစ်ဆင်တိုက်ခိုက်လာကာ ဧပြီလ (၂၂)ရက်နေ့တွင် မူဆယ်ခရိုင်အတွင်း KIA တပ်ရင်း (၃၆) ဌာနချုပ် Howa Bum ကို သိမ်းပိုက်ခဲ့သည်။

Most read this week

June 15, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု၊ ယူမာကျေးရွာ...
June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...