မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများ ညီလာခံ ကျင်းပမည်

မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများ ညီလာခံ ကျင်းပမည်

အမျိုးသားညီညွတ်ရေး တည်ဆောက်မှုဖြစ်စဉ်တွင် ပါဝင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများညီလာခံကို ဧပြီလ ၂၆ မှ၂၈ ရက်အထိ မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းအချင်းချင်းများအကြား အမြင်ဖလှယ်ခြင်း၊ လူမှုအကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် အချက်အလက်များ မျှဝေခြင်း၊ လိုအပ်သည့်ရှေးလုပ်ငန်းစဉ်များနှင့် မွန်ရေးရာမဟာဗျူဟာများကိစ္စရပ်များ ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

မွန်အမျိုးသမီးအစည်းအရုံး ဥက္ကဌ မိကွန်းချမ်းနွန်က “အလှုရှင် (Donor) တွေ ထောက်ပံ့တဲ့ငွေကြေးကို ယူထားတာကြောင့် သူတို့လုပ်စေချင်တဲ့ပုံစံအတိုင်း ကျမတို့လုပ်နေရတယ်လို့ မြင်နေကြတယ်။ ဒါကြောင့် ကျမတို့အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ဘယ်လိုကဏ္ဍမှာပဲ လုပ်လုပ် နိုင်ငံရေး၊ အစိုးရ၊ လက်နက်ကိုင်အဖွဲ့က Stakeholder တွေ အားပေးထောက်ခံတာမျိုးမရှိခဲ့ဘူး။ ဒီဟာက လက်ရှိကျမတို့လူမှုအဖွဲ့အစည်းအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်” ဟု ပြောသည်။

ရှေ့လာမည့်ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးရေး စသည့်ကဏ္ဍအသီးသီးအတွက် အထောက်အကူဖြစ်စေရန် ပူးပေါင်းပါဝင်မည့် နည်းလမ်းကောင်းများကို ယခု ၃ ရက်တာကျင်းပမည့် မွန်အရပ်ဖက်လူမှုအဖွဲ့အစည်း ညီလာခံမှ ဆွေးနွေးချမှတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။

မော်လမြိုင်မြို့အခြေစိုက် မွန်လူငယ်ပညာပေးရေးအဖွဲ့ MYEO မှ မင်းစိုက်ရွတ်က “ပြောင်းလဲတာကို လိုချင်ရင် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍက အရေးကြီးပါတယ်။ ဒါကြောင့် အဲဒီလိုမျိုး တွန်းအားပေးနိုင်ဖို့ ကျနော်တို့အရပ်ဖက်အဖွဲ့အစည်းတွေ အရင်စုစည်းကြဖို့လိုတယ်” ဟု ပြောသည်။

အဆိုပါ ညီလာခံကို မွန်၊ ကရင်၊ တနသာၤရီဒေသမှ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများ CBO, CSO ကိုယ်စားလှယ် ၂၀၀ ခန့် တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...