ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ကျည်ထိမှန် ကလေးသေဆုံး

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ကျည်ထိမှန် ကလေးသေဆုံး

ဘူးသီးတောင်မြို့နယ်၊ဆင်သေပြင် မွတ်ဆလင်ရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ယမန်နေ့ ဧပြီ လ ၂၁ ရက်နေ့၊နေ့လည်ပိုင်းအချိန်ခန့်က ကျည်ဆန်ထိမှန်၍ ဒဏ်ရာရရှိခဲ့ပြီး ဗိုက်ထဲမှာ သေဆုံးသွားခဲ့သည်။

"ဗိုက်မှာထိမှန်တာပါ။ အိမ်ထဲမှာ ဝတ်ပြုဆုတောင်းနေချိန်မှာ သေနတ်ကျည်က လာထိမှန်တာပါ။ တိုက်ပွဲဖြစ်တာတော့မဟုတ်ဘူး။ မနက်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဆင်သေပြင်နဲ့ ဥယျာဉ်သာကြားမှာ ပစ်ခတ်နေကြတာပါ။ အေအေနဲ့ ဖြစ်တာလား။တပ်ကပဲ ပစ်နေတာလား ကျနော်တို့လည်း သွားမကြည့်နိုင်ပါဘူး”ဟု ဆင်သေပြင်ကျေးရွာမှ မာမတ် အီလီယက်ကပြောသည်။

ဒဏ်ရာရရှိသွားသည့် အသက် ၂၇ နှစ်အရွယ် ဆေနရ်ရာမှာ သားသမီး ၃ ဦးရှိပြီး လက်ရှိတွင်လည်း ကိုယ်ဝန်လွယ်ထားရသည်။DMG ကနောက်ဆုံးရရှိသည့်သတင်းအရ ဗိုက်ထဲတွင်ရှိနေသည့် ကလေး မှာ သေဆုံးသွားပြီး မိခင်မှာလည်း စိုးရိမ်ရသည်ဟု ဒေသခံများထံက သိရသည်။

ယင်းနေ့က ဆင်သေပြင်ကျေးရွာနှင့် မီတာ ၂၀၀၀ ခန့်ဝေးကွာသည့် အောင်သာချောင်းကျေးရွာ အနီး တွင်သာ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

“ဆင်သေပြင်နဲ့ အောင်သာချောင်းနဲ့ က မီတာ ၂၀၀၀ လောက်ဝေးပါတယ်။ ကျွန်တော်တို့က နယ်မြေရှင်းလင်း နေတယ်။ အေအေ ရှိတယ်ဆိုရင် တိုက်ပွဲဖြစ်မှာပါပဲ။နယ်မြေရှင်းလင်းတဲ့အခါမှာ လက်နက်ကြီးပစ်ကူပေးဖို့လိုတယ် ဆိုရင်လက်နက်ကြီးပစ်ကူပေးရတယ် ။ လက်နက်ကြီးပစ်ကူပေးတာလည်းတောထဲကိုပဲ ပစ်တာရှိတယ်။ရွာနဲ့ အနီးဝန်းကျင်တို့ကို မပစ်ပါဘူး” ဟု ၎င်းက ဆိုသည်။

လက်နက်ကြီး ပစ်ခတ်သံအဆက်အပြတ် ကြားနေရသောကြောင့် ဥယျာဉ်သာ ၊စံဂိုးတောင်၊နွားရုံ တောင်နှင့် ထိပ်တူးပေါက်၊ဆင်သေပြင် စသည့်ကျေးရွာများက ဒေသခံများမှ စစ်ဘေးရှောင် စခန်းများနှင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...