ကျောင်းဖွင့်ရာသီ စစ်ရှောင်များ အိမ်မပြန်နိုင်လျှင် ကျောင်းသားများကို အနီးစပ်ဆုံးကျောင်းများတွင် တက်ခိုင်းရန် စီစဉ်ထား

ကျောင်းဖွင့်ရာသီ စစ်ရှောင်များ အိမ်မပြန်နိုင်လျှင် ကျောင်းသားများကို အနီးစပ်ဆုံးကျောင်းများတွင် တက်ခိုင်းရန် စီစဉ်ထား

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ကျောင်းသား၊ ကျောင်းသူများသည် ဇွန်လအတွင်း မိမိဒေသသို့ ကျောင်းတက်ရန် မပြန်နိုင်လျှင် စစ်ရှောင်စခန်းနှင့် အနီးစပ်ဆုံး အခြေခံပညာ အစိုးရကျောင်းများတွင် ကျောင်းတက်ခိုင်းရန် စီစဉ်နေကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ ၅ လခန့် ကြာမြင့်လာပြီဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ သုံးသောင်းကျော်အထိ ရှိလာပြီဖြစ်သော်လည်း ယင်းအထဲ ကျောင်းသားဦးရေ မည်မျှပါဝင်သည်ကို စာရင်းအတိအကျ မရရှိသေးကြောင်း ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွန်ကြားရေးမှူး  ဦးစိန်ထွန်းလှ က ပြောသည်။

“ကျနော်တို့မှာက ပထမဆုံး အစီအစဉ်အနေနဲ့တော့ အနီးစပ်ဆုံး အခြေခံပညာကျောင်းတွေမှာ တက်ခိုင်းမယ်။ အကယ်၍ အနီးအနားမှာ အခြေခံပညာ အစိုးရကျောင်းတွေ မရှိဘူးဆိုရင် ယာယီစာသင်ဆောင်တွေ ဆောက်ပေးပြီး သင်ကြားနိုင်ရန် အထက်ကို တင်ပြထားတာရှိတယ်” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်၌ စစ်ဘေးရှောင်ဦးရေ သုံးသောင်းကျော်ရှိရာတွင် ကျောင်းသား၊ ကျောင်းသူ သုံးထောင်ခန့်ရှိနိုင်သည့်အတွက် စစ်ဘေးရှောင်အများအပြားရှိသည့် စခန်းကြီးများတွင် နဂိုမူလတန်းကျောင်းအပြင် ယာယီ စစ်ဘေးရှောင် မူလတန်းကျောင်းများကိုလည်း ဖွင့်ပေးသင့်သည်ဟု ယူဆကြောင်း စစ်ရှောင်များကို အကူညီပေးနေသူလည်းဖြစ် အငြိမ်းစား ကျောင်းဆရာတစ်ဦးလည်းဖြစ်သူ ဦးသန်းထွန်းက ပြောသည်။

“ကျောင်းသား အတန်းကြီးတွေအတွက် လူမှုအဖွဲ့အစည်းတွေက သင့်တော်တဲ့ အထက်တန်းကျောင်းတွေမှာ ပညာသင်ကြားဖို့အတွက် ထားပေးသင့်တဲ့ အစီအစဉ်မျိုး လုပ်ပေးသင့်တယ်လို့ မြင်တယ်” ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်အများစုမှာ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများ၌ အများဆုံး ခိုလှုံနေထိုင်လျက်ရှိကြပြီး ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင် စသည့် မြို့နယ်များတွင် စစ်ဘေးရှောင်အများဆုံး ရောက်ရှိနေထိုင်နေကြခြင်းဖြစ်သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...