ဖရူဆိုမြို့နယ်ရှိ ကျေးရွာအချို့ ကိုယ်ထူကိုယ်ထ ကျောင်းဆောက်နေရ

ဖရူဆိုမြို့နယ်ရှိ ကျေးရွာအချို့ ကိုယ်ထူကိုယ်ထ ကျောင်းဆောက်နေရ

ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဒိုးပရယ်ကျေးရွာနှင့် ထီးသော်တနီးကူးကျေးရွာတို့တွင် စာသင်ကျောင်းများကို ကိုယ်ထူကိုယ်ထဆောက်လုပ်နေရသဖြင့် အစိုးရကျောင်း လိုအပ်နေသည်ဟု ဒေသခံများပြောကြားချက်အရ သိရသည်။

“ စာသင်ကျောင်းကျတော့ ဆရာမရှိပါတယ်၊ အစိုးရကျောင်းဘဲ လိုချင်တယ်လေ၊ ကျွန်တော်တို့ကျောင်းက အစိုးရကျောင်းမဟုတ်ဘူး၊ ကိုယ်ထူကိုယ်ထပဲပေ့ါ၊ အစကဆို ကျွန်တော်တို့လောထောတနော ဟာလိုမျိုးတွဲဖက်ကျောင်းပေါ့၊ နောက်ဆရာမတောင်းတော့ ခုကနည်းနည်းထပ်ချဲ့တာပေါ၊့ ကိုယ်ထူကိုယ်ထပဲ၊ ဘယ်လိုပြောရမလဲ ကျွန်တော်တို့ရွာက ဒိုးပရယ်အုပ်စုနာမည်ခံရှိပြီးတော့ ကျောင်းကတော့ တစ်ခုမှ မရတတ်ဘူးလေ၊ ကျွန်တော်ဆို အခြားကျောင်းတွေကို အားကျတာပေါ့၊ ငယ်ငယ်တုန်းကတည်းက ကျောင်းမရှိတော့ ကျွန်တော်စာမတတ်တာလည်း ခုလို အခြေအနေကြောင့်ပဲလေ” ဟု ဒိုးပရယ်ကျေးရွာ ဥက္ကဌ ဦးဘျားရယ်က ပြောသည်။

ဒိုးပရယ်ကျေးရွာတွင် အိမ်ခြေ(၄၉) ရှိပြီး မူလတန်းကျောင်းသာ ရှိပြီး ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသည့် သဲပြားအခင်း၊ ဝါးထရံအကာနှင့် ကျောင်းဖြစ်ကြောင်း သိရသည်။

“ ဒီကျောင်းအဆောက်အဦးက အဆင်မပြေဘူး၊ ကျွန်တော်တို့ ကိုယ်ထူကိုယ်ထဆောက်နေတဲ့ ကျောင်းမှာပဲ စာသင်နေရတယ်၊ အ.မ.ကဖြစ်သာဖြစ်တယ်၊ ဘာဖြစ်လို့ ကျောင်းအုပ်ညှပ်ကျောင်းတွေပေါ့နော။ အုပ်ညှပ်ကျောင်းမပြောနဲ့ ဒီပျဉ်ကျောင်းလေးတစ်ကျောင်း တောင်ရရင် ကျွန်တော်တို့ခံသာတာပေါ့၊ ခုလောဆယ် ကျွန်တော်တို့ ဆောက်နေတဲ့ ကိုယ်ထူကိုယ်ထ ကျောင်းပေါ်မှာ ကျွန်တော်တို့ စာသင်နေတာ သိပ်အဆင်မပြေဘူး၊ အထူးသဖြင့် ပြောရမယ်ဆိုရင်တော့ သဲပြားနဲ့ခင်းရတဲ့အတွက်ကြောင့်မလို့ အောက်ခင်းလည်း အဆင်မပြေဘူး၊ အကာလည်းထရံဖြစ်နေလို့ အဆင်မပြေဘူး” ဟု ဦးလီးရယ်က ပြောသည်။

ထိုနည်းတူ ထီးသော်တနီးကူးကျေးရွာတွင်လည်း စာသင်ကျောင်းများကို ကိုယ်ထူကိုယ်ထဖြင့် ဆောက်ရသည်ဟု သိရသည်။

“စာသင်ကျောင်းအခက်အခဲနဲ့ ပတ်သက်ပြီး ပြောရမယ်ဆို ကျွန်တော်တို့ ကိုယ်ထူကိုယ်ထပဲဆိုတော့ ကျောင်းနေရာအတွက် မရှိဘူးလေ၊ ခုကတစ်ခန်းဆို ၉ ပေဘဲရှိတယ်။ ဆရာမသွားဖို့နေရာအတွက်တောင်မှ ကလေးကြားမှာ မသွားတတ်ဘူး၊ တစ်ခုံစာပဲရှိတယ်လေ၊ တစ်လိုင်းစာပဲပေါ့၊ နေရာကကျဉ်းတော့ ဒီနှစ်က တစ်ခန်းထပ်တိုးပေး ပြောတော့ အခြေအနေအရလည်း မလုပ်နိုင်သေးဘူးလေ။˝ ဟု ဦးပလျားရယ်က ပြောသည်။

၎င်းကျောင်းကို အလျား ၄၀ပေ၊ အနံ ၁၂ပေဖြင့် အခန်း ၄ခန်းသာရှိပြီး KGတန်းကို စာသင်ဆောင်အပြင်ဘက်တွင်သာ သင်ကြားနေကြရကြောင်း သိရသည်။ စာသင်ကျောင်း ထပ်မံရရှိဖို့ရန် အစိုးရသို့ တင်ထားသော်လည်း ယနေ့ချိန်ထိ မရရှိသေးကြောင်း သိရသည်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...